စပါး၊ ပဲ၊ နှမ်း ပေါ်ချိန်အခွင့်ကောင်းယူပြီး လောင်းကစားဝိုင်းများပြုလုပ်နေဟုဆို

  • 5 years ago
စပါး၊ ပဲ၊ နှမ်း ပေါ်ချိန်အခွင့်ကောင်းယူပြီး လောင်းကစားဝိုင်းများပြုလုပ်နေဟုဆို
******************
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သီးနှံပေါ်ချိန်၊ တောင်သူများငွေရွှင်ချိန်ကို အခွင့်ကောင်းယူပြီး လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

ယနေ့နိုဝင်ဘာ၂ရက်နေ့နံနက်ပိုင်းကတိုင်းဒေသကြီးအစိုးရအစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည့် နှစ်နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့သော မကွေးတိုင်းဒေသကြီးကိုယ်စားပြု ယူ ၂၁ ဘောလုံးအသင်းအား ဂုဏ်ပြုဆုငွေချီးမြှင့်အပြီး ဒေသခံသတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“လောင်းကစားဝိုင်းဆိုတာ သိတဲ့အတိုင်းပဲ မကွေးတိုင်တင်မဟုတ်ဘူး ပဲခူးတိုင်း၊စစ်ကိုင်းတိုင်း၊ တိုင်းနယ်ပြည်နယ်အသီးသီးမှာ စပါးပေါ်ချိန်၊ ပဲပေါ်ချိန်၊ နှမ်းပေါ်ချိန်အသီးသီးမှာ ဒါကိုအခွင့်ကောင်းယူပြီးတော့လောင်းကစားသမားဒိုင်တွေက လုပ်ကြတာပေါ့နော်၊ ဒီထဲမှာ တာဝန်ရှိတဲ့သူတွေပါချင်ပါမယ် မပါချင်မပါဘူး၊ ဒါကိုကျွန်တော်လဲမသိဘူး” ဟု ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောသည်။

ရိုက်ကူး၊တင်ဆက်/ တင်ရွှေ(မင်းဘူး)

( ZawGyi )

စပါး၊ ပဲ၊ ႏွမ္း ေပၚခ်ိန္အခြင့္ေကာင္းယူၿပီး ေလာင္းကစားဝိုင္းမ်ားျပဳလုပ္ေနဟုဆို
******************
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ သီးႏွံေပၚခ်ိန္၊ ေတာင္သူမ်ားေငြ႐ႊင္ခ်ိန္ကို အခြင့္ေကာင္းယူၿပီး ေလာင္းကစားဝိုင္းမ်ား ျပဳလုပ္ေနေၾကာင္း မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက
္တာေအာင္မိုးညိဳက ေျပာသည္။

ယေန႔ နိဝင္ဘာ၂ရက္ေန႔ နံနက္ပိုင္းက တိုင္းေဒသႀကီးအစိုးရအစည္းအေဝးခန္းမတြင္ျပဳလုပ္ခဲ့သည့္ ႏွစ္ႏွစ္ဆက္တိုက္ ခ်န္ပီယံျဖစ္ခဲ့ေသာ မေကြးတိုင္းေဒသႀကီးကိုယ္စားျပဳ ယူ ၂၁ ေဘာလုံးအသင္းအား ဂုဏ္ျပဳဆုေငြခ်ီးျမႇင့္အၿပီး ေဒသခံသတင္းမီဒီယာမ်ားႏွင့္ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ေလာင္းကစားဝိုင္းဆိုတာ သိတဲ့အတိုင္းပဲ မေကြးတိုင္တင္မဟုတ္ဘူး ပဲခူးတိုင္း၊စစ္ကိုင္းတိုင္း၊ တိုင္းနယ္ျပည္နယ္အသီးသီးမွာ စပါးေပၚခ်ိန္၊ ပဲေပၚခ်ိန္၊ ႏွမ္းေပၚခ်ိန္အသီးသီးမွာ ဒါကိုအခြင့္ေကာင္းယူၿပီးေတာ့ေလာင္းကစားသမားဒိုင္ေတြက လုပ္ၾကတာေပါ့ေနာ္၊ ဒီထဲမွာ တာဝန္ရွိတဲ့သူေတြပါခ်င္ပါမယ္ မပါခ်င္မပါဘူး၊ ဒါကိုကြၽန္ေတာ္လဲမသိဘူး” ဟု ဝန္ႀကီးခ်ဳပ္ေဒါက္တာေအာင္မိုးညိဳက ေျပာသည္။

႐ိုက္ကူး၊တင္ဆက္/ တင္ေ႐ႊ(မင္းဘူး)

Recommended