ကျားမအခြေပြု အရင်းအမြစ် စင်တာ (Gender Resource Centre) ဖွင့်လှစ်

  • 5 years ago
ကျားမအခြေပြု အရင်းအမြစ် စင်တာ (Gender Resource Centre) ဖွင့်လှစ်
***********************

ကျားမရေးရာနဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ အခွင့်အရေး၊ တန်းတူညီမျှမှု၊ ခွဲခြား ဆက်ဆံမှု တိုက်ဖျက်ရေးတွေအပြင် ကျားမအခြေပြုအကြမ်းဖက်မှုတွေနဲ့ သက်ဆိုင်တဲ့ဥပဒေ အကြောင်း တွေကို လေ့လာချင်တဲ့သူတွေအတွက် ကျားမအခြေပြု အရင်းအမြစ် စင်တာ (Gender Resource Centre) တစ်ခုကို စမ်းချောင်မြို့နယ် မြေနုလမ်းက လမိုင်းကွန်ဒိုမှာ ဖွင့်လှစ်ပေးခဲ့ပြီဖြစ်ပါတယ်။

ဒီစင်တာမှာတော့ ကျားမရေးရာနဲ့ပတ်သက်တဲ့အချက်အလက်တွေကို ပြည်တွင်းနဲ့နိုင်ငံတကာက သုတေသန စာတမ်းတွေ၊ စာအုပ်တွေမှာရှာဖွေနိုင်သလို ကျားမရေးရာနဲ့ပတ်သက်တဲ့ အကြောင်း အရာတွေကိုလည်း လာရောက်ဆွေးနွေးနိုင်မယ့် အစည်းအဝေးခန်းတစ်ခုလည်း ထားရှိပေးထားတယ်လို့သိရပါတယ်။

ဒီစင်တာကိုတော့ ကျားမရေးရာ တန်းတူညီမျှရေးကွန်ယက် (GEN)က ဦးဆောင်ပြီးဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျားမအရင်းအမြစ်တွေနဲ့ပတ်သက်ပြီး လွယ်လွယ်ကူကူနဲ့ လက်လှမ်းမှီနိုင်ဖို့ ရှာဖွေနိုင်ဖို့အတွက် ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် ဒီစင်တာမှာ ကျားမရေးရာနဲ့ပတ်သက်တဲ့အချက်အလက်တွေအတွက် နိုင်ငံတကာက ထုတ်ဝေထားတဲ့ စာအုပ်၂၀၀နီးပါး၊ ပြည်တွင်းကထုတ်ဝေထားတဲ့ စာအုပ် ၁၅၀နီးပါး၊ Soft copyဒေတာအနေနဲ့ ၁၀၀ကျော်တို့ကို စုစည်းပေးထားတယ်လို့ ဆိုပါတယ်။
ဒီလို ကျားမရေးရာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လာရောက်ရှာဖွေရုံတင်မက ပညာပေး အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ခြင်းဖြင့် ပြည်သူတွေအတွက် ကျားမရေးရာအသိအမြင်တွေကို ပိုမိုရရှိ လာနိုင်စေပြီး ကျားမ အခြေပြု ခွဲခြားမှုတွေ ပပျောက်ဖို့နည်းလမ်း ရှာဖွေရာမှာလည်း ဒီကျားမအခြေပြုအရင်းအမြစ်စင်တာက များစွာအထောက်အကူဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။
ရိုက်ကူးတည်းဖြတ် - အုပ်မှူးဇော်
(zawgyi)
က်ားမအေျချပဳ အရင္းအျမစ္ စင္တာ (Gender Resource Centre) ဖြင့္လွစ္
***********************

က်ားမေရးရာနဲ႔ ပတ္သက္တဲ့ကိစၥေတြ၊ အမ်ိဳးသမီးေတြနဲ႔ပတ္သက္တဲ့ အခြင့္အေရး၊ တန္းတူညီမွ်မႈ၊ ခြဲျခား ဆက္ဆံမႈ တိုက္ဖ်က္ေရးေတြအျပင္ က်ားမအေျချပဳအၾကမ္းဖက္မႈေတြနဲ႔ သက္ဆိုင္တဲ့ဥပေဒ အေၾကာင္း ေတြကို ေလ့လာခ်င္တဲ့သူေတြအတြက္ က်ားမအေျချပဳ အရင္းအျမစ္ စင္တာ (Gender Resource Centre) တစ္ခုကို စမ္းေခ်ာင္ၿမိဳ႕နယ္ ေျမႏုလမ္းက လမိုင္းကြန္ဒိုမွာ ဖြင့္လွစ္ေပးခဲ့ၿပီျဖစ္ပါတယ္။

ဒီစင္တာမွာေတာ့ က်ားမေရးရာနဲ႔ပတ္သက္တဲ့အခ်က္အလက္ေတြကို ျပည္တြင္းနဲ႔ႏိုင္ငံတကာက သုေတသန စာတမ္းေတြ၊ စာအုပ္ေတြမွာရွာေဖြႏိုင္သလို က်ားမေရးရာနဲ႔ပတ္သက္တဲ့ အေၾကာင္း အရာေတြကိုလည္း လာေရာက္ေဆြးေႏြးႏိုင္မယ့္ အစည္းအေဝးခန္းတစ္ခုလည္း ထားရွိေပးထားတယ္လို႔သိရပါတယ္။

ဒီစင္တာကိုေတာ့ က်ားမေရးရာ တန္းတူညီမွ်ေရးကြန္ယက္ (GEN)က ဦးေဆာင္ၿပီးဖြင့္လွစ္ခဲ့တာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ က်ားမအရင္းအျမစ္ေတြနဲ႔ပတ္သက္ၿပီး လြယ္လြယ္ကူကူနဲ႔ လက္လွမ္းမွီႏိုင္ဖို႔ ရွာေဖြႏိုင္ဖို႔အတြက္ ရည္႐ြယ္ၿပီးဖြင့္လွစ္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။
ဒါ့အျပင္ ဒီစင္တာမွာ က်ားမေရးရာနဲ႔ပတ္သက္တဲ့အခ်က္အလက္ေတြအတြက္ ႏိုင္ငံတကာက ထုတ္ေဝထားတဲ့ စာအုပ္၂၀၀နီးပါး၊ ျပည္တြင္းကထုတ္ေဝထားတဲ့ စာအုပ္ ၁၅၀နီးပါး၊ Soft copyေဒတာအေနနဲ႔ ၁၀၀ေက်ာ္တို႔ကို စုစည္းေပးထားတယ္လို႔ ဆိုပါတယ္။
ဒီလို က်ားမေရးရာနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို လာေရာက္ရွာေဖြ႐ုံတင္မက ပညာေပး အလုပ္႐ုံ ေဆြးေႏြးပြဲေတြ လုပ္ျခင္းျဖင့္ ျပည္သူေတြအတြက္ က်ားမေရးရာအသိအျမင္ေတြကို ပိုမိုရရွိ လာႏိုင္ေစၿပီး က်ားမ အေျချပဳ ခြဲျခားမႈေတြ ပေပ်ာက္ဖို႔နည္းလမ္း ရွာေဖြရာမွာလည္း ဒီက်ားမအေျချပဳအရင္းအျမစ္စင္တာက မ်ားစြာအေထာက္အကူျဖစ္ေစႏိုင္မွာ ျဖစ္ပါတယ္။
႐ိုက္ကူးတည္းျဖတ္ - အုပ္မႉးေဇာ္

Recommended