ဝါးစိမ်းတောင်ဒေသတွင် ဓာတ်သတ္တုရှာဖွေစမ်းသပ်တိုင်းတာခွင့် ပြုမှုကို ကန့်ကွက်ဆန္ဒထုတ်ဖော်

  • 5 years ago
ဝါးစိမ်းတောင်ဒေသတွင် ဓာတ်သတ္တုရှာဖွေစမ်းသပ်တိုင်းတာခွင့် ပြုမှုကို ကန့်ကွက်ဆန္ဒထုတ်ဖော်
******************************
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင်ဒေသ၌ မြန်မာယန်စီကုမ္ပဏီမှ ဓာတ်သတ္တု ရှာဖွေစမ်းသပ်တိုင်းတာခြင်းအပေါ် ကန့်ကွက်သည့်အနေဖြင့် မုံရွာမြို့တွင် စက်တင်ဘာ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ဒေသခံများအား ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ဗိုလ်ချုပ်လမ်း တိုင်းစည်ပင်သာယာရေးရုံးရှေ့ စုရပ်မှစတင်၍ ကျောက္ကာလမ်းအထိ လူဦးရေ တစ်ထောင်ကျော်က လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
ရိုက်ကူး- ဘုန်းနိုင်ဖြိုး
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60968

Recommended