ပြည်ပကို စပါး တင်ပို့ဖို့ အစိုးရကူညီမည်

  • 5 years ago
ပြည်ပကို စပါး တင်ပို့ဖို့ အစိုးရကူညီမည်
******************
လက်ရှိနှစ်မှာ ပြည်ပကို တင်ပို့နေတဲ့ ဆန်ဈေးနှုန်းတွေ ကျဆင်းခဲ့မယ်ဆိုရင် စပါးအတိုင်း တင်ပို့နိုင်ဖို့ အတွက် ကူညီပေးမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောဆိုလိုက်ပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ ဆန်စပါးဈေးကွက်နဲ့ ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီအစည်းအဝေးအပြီးမှာ မီဒီယာများရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ကြားခဲ့တာပါ။
ရိုက်ကူး/တည်းဖြတ် - အောင်မြတ်သူ

Recommended