“အရက် အရည်အသွေး ကောင်းကောင်းသောက်မှ နောက်တစ်နေ့ ခေါင်း နှစ်ဆ ကြည်ပါမယ်”- ဦးဘိုဘိုဦး၊ စမ်းချောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်

  • 5 years ago
“အရက် အရည်အသွေး ကောင်းကောင်းသောက်မှ နောက်တစ်နေ့ ခေါင်း နှစ်ဆ ကြည်ပါမယ်”- ဦးဘိုဘိုဦး၊ စမ်းချောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်

#MizzimaTV

၂၀၁၉ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး စက်တင်ဘာ ၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဦးဘိုဘိုဦးရဲ့ ဆွေးနွေးချက်တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

အဲ့ဒီဥပဒေကြမ်းထဲမှာ အရက်တစ်လီတာတန်ဖိုး ၁၅၀၀၁ကျပ်အထက်ကို အရက်တန်ဖိုးရဲ့ ၆၀ရာခိုင်နှုန်းကောက်ခံသွားဖို့ လျာထားပါတယ်။

ဒီလို ကောက်ခံမယ်ဆိုရင် အခွန်ရလမ်းနည်းသွားပြီး တရားမ၀င်တင်သွင်းမှုတွေပါ ရှိလာမယ်လို့ ဦးဘိုဘိုဦးကဆိုပါတယ်။

အဲ့ဒီလို တရားမ၀င်တင်သွင်းမှုတွေကြောင့် နိုင်ငံတော်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ တရားမ၀င် ကုန်သွယ်မှုရရှိရေး အခွန်တိုးမြှင့်ရရှိရေး ၊ ပြည်သူ့ကျန်းမာရေးထိခိုက်မှုလျော့ချရေးတွေမှာ ထိခိုက်လာနိုင်လာတယ်လို့ ဦးဘိုဘိုဦးက ထောက်ပြ ဆွေးနွေးသွားပါတယ်။

Recommended