ျပည္သူ႔ရင္ျပင္တြင္ ကမာၻ႔ကုလသမဂၢလုံးဆိုင္ရာ ယာဥ္လမ္းအႏၱရာယ္ ကင္းရွင္းေရး လႈပ္ရွားမႈျပဳလုပ္မည္

  • 7 years ago
ZawGyi-
ျမန္မာႏိုင္ငံတြင္ တတိယအႀကိမ္အျဖစ္ ကမာၻ႔ကုလသမဂၢလုံးဆိုင္ရာ ယာဥ္လမ္းအႏၱရာယ္ ကင္းရွင္းေရး ရက္သတၱပတ္ကို ေမလ (၈) ရက္မွ (၁၄) ရက္ေန႔အထိ ျပည္သူ႕ရင္ျပင္တြင္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းလႈပ္ရွားမႈတြင္ ယာဥ္လမ္းအႏၱရာယ္ႏွင့္ပတ္သတ္သည့္ ေဟာေျပာပြဲမ်ား၊ စက္ဘိီးစီးလႈပ္ရွားမႈ ၊ လမ္းေလ်ာက္လႈပ္ရွားမႈမ်ားႏွင့္ ေဖ်ာ္ေျဖပြဲမ်ားပါဝင္မည္ျဖစ္သည္။

“ယာဥ္မေတာ္တဆမႈေတြမွာ အဓိက လိုက္နာမႈအားနည္းရင္ေတာ့ ေလ်ာ႔က်မွာမဟုတ္ဘူး ။ ဒါေပမယ့္ ယာဥ္ထိန္းတပ္ဖြဲ႔အေနနဲ႔ကေတာ့ ယာဥ္စည္းကမ္းအသိပညာေပးေဟာေျပာမႈေတြလုပ္ေနရမွာပဲေလ” ဟု ဗိုလ္တေထာင္ၿမိဳ႕နယ္ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴးခင္ေမာင္တင့္ ကေျပာသည္။

ယင္းလႈပ္ရွားမႈကို Motors.com.mm ၏ အေထာက္အပံျ့ဖင့္ ေဆာင္ရြက္ျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံ ယာဥ္လမ္းအႏၱရာယ္ကင္းရွင္းေရးအဖြဲ႔ ႏွင္႔အတူ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈအာဏာပိုင္အဖြဲ႔ ၊ ရန္ကုန္တိုင္းရဲတပ္ဖြဲ႔မွဴး႐ံုး စသည့္ အဖြဲ႕စည္းမ်ားပူးေပါင္းၿပီး ယခုလႈပ္ရွားမႈကို စီစဥ္ျခင္းျဖစ္သည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ယာဥ္စည္းကမ္း လမ္းစည္းကမ္းမလိုက္နာမႈမ်ားေၾကာင္႔ ေနစဥ္ လူ (၁၄ )ဦးခန္႔ အသက္ဆုံး႐ွံဳးခဲ့ေၾကာင္း ယာဥ္စည္းကမ္းထိန္းသိမ္းေရး မွတ္တမ္းမ်ားအရ သိရသည္။


Unicode-
မြန်မာနိုင်ငံတွင် တတိယအကြိမ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂလုံးဆိုင်ရာ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်ကို မေလ (၈) ရက်မှ (၁၄) ရက်နေ့အထိ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းလှုပ်ရှားမှုတွင် ယာဉ်လမ်းအန္တရာယ်နှင့်ပတ်သတ်သည့် ဟောပြောပွဲများ၊ စက်ဘိီးစီးလှုပ်ရှားမှု ၊ လမ်းလျောက်လှုပ်ရှားမှုများနှင့် ဖျော်ဖြေပွဲများပါဝင်မည်ဖြစ်သည်။

“ယာဉ်မတော်တဆမှုတွေမှာ အဓိက လိုက်နာမှုအားနည်းရင်တော့ လျော့ကျမှာမဟုတ်ဘူး ။ ဒါပေမယ့် ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ကတော့ ယာဉ်စည်းကမ်းအသိပညာပေးဟောပြောမှုတွေလုပ်နေရမှာပဲလေ” ဟု ဗိုလ်တထောင်မြို့နယ် တပ်ဖွဲ့စုမှူး ဒုရဲမှူးခင်မောင်တင့် ကပြောသည်။

ယင်းလှုပ်ရှားမှုကို Motors.com.mm ၏ အထောက်အပြံ့ဖင့် ဆောင်ရွက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ ၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး စသည့် အဖွဲ့စည်းများပူးပေါင်းပြီး ယခုလှုပ်ရှားမှုကို စီစဉ်ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းမလိုက်နာမှုများကြောင့် နေစဉ် လူ (၁၄ )ဦးခန့် အသက်ဆုံးရှုံးခဲ့ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး မှတ်တမ်းများအရ သိရသည်။

Recommended