လောင်စာဆီဈေးနှုန်းမြင့်တက်မှုကြောင့် ငွေကြေးဖောင်းပွခြင်းဖြစ်သည်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌပြော

  • 5 years ago
လောင်စာဆီဈေးနှုန်းမြင့်တက်မှုကြောင့် ငွေကြေးဖောင်းပွခြင်းဖြစ်သည်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌပြော
****************************
ငွေကြေးဖောင်းပွမှု အတန်အသင့် မြင့်မားနေရခြင်းသည် ငွေကြေးပမာဏ တိုးတက်မှုနှုန်းနှင့် ချေးငွေတိုးတက်မှု နှုန်းများ လွန်စွာ မြင့်မားနေခြင်းကြောင့်မဟုတ်ပဲ လောင်စာဆီဈေးနှုန်းမြင့်မားနေခြင်းကြောင့် ဖြစ်သည်ဟု ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်းပြောသည်။
“လောင်စာဆီဈေးနှုန်းမကြာခဏ ပြောင်းလဲခြင်း ၊ ယင်းနဲ့ ဆက်စပ်ပြီး ကုန်စည်သယ်ယူပို့ဆောင် စရိတ် မြင့်မားခြင်း၊ ငွေလဲလှယ်နှုန်းလက်ရှိအခြေအနေမှာ တည်ငြိမ်အောင် ဆောင်ရွက်နိုင်ပေမယ်လို့ လွန်ခဲ့တဲ့ ခြောက်လ၊ ရှစ်လလောက်တုန်းက အတက်အကျ ကြမ်းနေခြင်းတွေက ဒီ ငွေကြေး ဖောင်းပွမှုနှုန်းကို အတန်အသင့်မြင့် မားစေတဲ့တွန်းအားများဖြစ်ပါတယ်” ဟု ဦးစိုးသိန်းကပြောသည်။
ရိုက်ကူး - အောင်မြတ်သူ
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60026
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended