အားလုံးမျှော်လင့်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး မဖြစ်နိုင်ဟု စိုင်းညွှန့်လွင်ပြော
  • 5 years ago
အားလုံးမျှော်လင့်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး မဖြစ်နိုင်ဟု စိုင်းညွှန့်လွင်ပြော
**********************
လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ လုပ်ဆောင်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ၂၀၀၈ အခြေခံဥပဒေကိုသာ ပြန်လည်အခြေခံပြီး ပြင်ဆင်မှုပြုလုပ်တာ ဖြစ်တဲ့အတွက် အားလုံးမျှော်လင့်နေတဲ့ ပြင်ဆင်ရေး မဖြစ်နိုင်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး စိုင်းညွှန့်လွင် က ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြင်ဆင်ချက် အများဆုံး တင်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။
ရိုက်ကူး/တင်ဆက် - ကရိုင်နူးရာ
Recommended