ကလေးများဘဝ လုံခြုံရေးအတွက် ပုသိမ်တွင် ဆန္ဒဖော်ထုတ်

  • 5 years ago
ကလေးများဘဝ လုံခြုံရေးအတွက် ပုသိမ်တွင် ဆန္ဒဖော်ထုတ်
*********************
“ ကျောင်းသူဆိုတော့ ကျောင်းသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြောရမယ်ဆိုရင် ကျောင်းသွားလည်း မလုံခြုံဘူး။ လမ်းသွားလည်း မလုံခြုံဘူး။ ကျောင်းတက်ရင်လည်း မလုံခြုံဘူး။ ကျောင်းဆင်းရင်လည်း မလုံခြုံဘူး။ နေ့လည်း မလုံခြုံဘူး၊ ညလည်း မလုံခြုံဘူး။ ဆိုရှယ်မီဒီယာသုံးရင်တောင် မလုံခြုံတဲ့ ကျွန်မတို့ မိန်းမသားတွေဘ၀ကို စာနာနားလည်ပေးစေချင်တယ်”ဟု ပုသိမ်တက္ကသိုလ်ကျောင်းသူ မသက်ထားဝေက ကလေးများအတွက် လွတ်လပ်သည့်ပတ်ဝန်းကျင်ဖန်တီးပေးရေး ဆန္ဒဖော်ထုတ်ပွဲတွင် ပြောသည်။
ဗစ်တိုးရီးယားအမှု အမှုန်မှန်ပေါ်ပေါက်ရေးအပြင် ကလေးများဘဝလုံခြုံရေးအတွက် ရည်ရွယ်ပြီး ဇူလိုင် ၁၄ ရက် က ပုသိမ်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ပုသိမ်မြို့တော်ခန်းမရှေ့တွင် ပြောဟောခြင်းများနှင့် မြို့ထဲသို့ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
“ ကလေးသူငယ်နဲ့ ပတ်သက်လို့ လိင်အကြမ်းဖက်မှုတွေမှာ ဆယ်နာရီ တစ်ကြိမ် ဖြစ်ပွားနေပါတယ်။ ဧရာဝတီတိုင်းထဲမှာဆိုလည်း ၂၀၁၈ ခုနှစ်က အမှုပေါင်း တစ်ရာကျော် ရှိပါတယ်။ အမှန်တရားပေါ်ပေါက်ဖို့နဲ့ သက်ငယ်မုဒိမ်းကို တကယ်ကျူးလွန်တဲ့ တရားခံတွေကို ထိထိရောက်အပြစ်ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဆန္ဒဖော်ထုတ်ပွဲကို ကျင်းပခြင်းဖြစ်ပါတယ်” ဟု ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ ဦးထွန်းထွန်းဦးက မဇ္ဈိမသို့ ပြောသည်။
ရိုက်ကူး-စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended