ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများ ၂၀၃၀တွင် ရေသန့်ရရှိရေး ဆောင်ရွက်နေ

  • 5 years ago
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများ ၂၀၃၀တွင် ရေသန့်ရရှိရေး ဆောင်ရွက်နေ
******************************************
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများ ၂၀၃၀တွင် ရေသန့်ရရှိရေး အတွက် နည်းလမ်းနှစ်သွယ်ဖြင့် ပြုလုပ်နေကြောင်း ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးနေထက်ရှိန်က ပြောသည်။

ရေရှိရေးလုပ်ငန်းတွေဆောင်ရွက်ပါတယ်။ ၂၀၃၀တွင် ကျေးရွာတွေအားလုံး ရေသန့်ရရှိရေး စီမံချက်ချပြီး ဆောင်ရွက်ပါတယ်။ နည်းလမ်းက နှစ်မျိုးပါ။ တစ်ခုက လုပ်ငန်းအသစ်တွေပါ။ နောက်တစ်ခုက ယခင်ရှိပြီးသား ရေကန်တွေရေတွင်းတွေကို ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းပါ။ တချို့ ကိုယ်အားကိုယ်ကိုးပြီး လုပ်ထားတဲ့ ရေကန် တွေ ကောနေတာမျိုးတွေ ပြန်နှိုက်ပါတယ်။ ခြံစည်းရိုးကာရံတာမျိုးတွေ သန့်ရှင်းသော ရေရရှိအောင် ဆောင်ရွက်တဲ့ နည်းလမ်းမျိုးတွေပါ” ဟု ဧရာဝတီတိုင်းဒေသကြီး၊ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးနေထက်ရှိန်ကပြောသည်။

၂၀၁၉-၂၀ဘဏ္ဍာနှစ်တွင် အသစ်လုပ်မည့် လုပ်ငန်းများမှာ မြို့နယ်၂၀ရှိ ကျေးရွာပေါင်း၁၅၉ ရွာတွင် လုပ်ငန်း ပေါင်း ၁၅၉ခု ကို ကျပ်သန်းပေါင်း ၁၉၆၃ သန်းဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး၊ တွင်းနက်၁၅၈တွင်းနှင့် စိမ့်စမ်း ၁တွင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းအနေဖြင့် မြို့နယ်ပေါင်း ၁၈မြို့နယ်ရှိ ကျေးရွာ ၁၂၀တွင် လုပ်ငန်းစုစုပေါင်း၁၂၃ခုဆောင်ရွက်ပြီး ခွင့်ပြုငွေ ကျပ်သန်း၉၄၀ကျော်၊ တွင်းတိမ် ၃တွင်း၊ တွင်းနက် ၁၇တွင်း၊ လက်တူးတွင်း၅တွင်းနှင့် ရေကန်၅၉ကန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရိုက်ကူး - စည်သူမောင်မောင်

Recommended