တရားရုံးအမိန့်ကို တရားမျှတမှုမရှိဘူးလို့ တရားခံ ဘက်မှ မိသားစုဝင်များ ပြော

  • 5 years ago
တရားရုံးအမိန့်ကို တရားမျှတမှုမရှိဘူးလို့ တရားခံ ဘက်မှ မိသားစုဝင်များ ပြော
*****************
မတ်လ ၁၅ ရက်နေ့ မကွေးမြို့ခရိုင်တရားရုံးမှာ လူသတ်မှုအတွက် အမိန့်ချမှတ်တာကို မကျေနပ်လို့ တရားခံ ဘက်မှ မိသားစုဝင်များက တရားစီရင်အမိန့်ချခြင်းကို တရားမျှတမှုမရှိဘူးလို့ ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

အမိန့်ချမှတ်ခဲ့တဲ့အမှုမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က မကွေးမြို့ချမ်းမြေ့သာယာရပ်ကွက်၊ အိုးအိမ်ဦးစီးဌာန၊ အိမ်ရာဆောက်လုပ်ရေးစီမံကိန်းတွင် ဆေးသုတ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ဆေးသုတ်ကန်ထရိုက် ကိုနိုင်ဝင်းက ဗေကြီး(ခ)ဇော်မြင့်အောင်ကို ဓားဖြင့်ထိုးသတ်၍ သားကြီး(ခ)ဦးဝင်းရီဆိုသူကိုလည်း ဒဏ်ရာရရှိအောင် ဓားဖြင့်ထိုးခဲ့တယ်ဆိုပြီး ဦးတေဇအောင်ဆိုသူက တရားလိုပြုလုပ် တိုင်တန်းခဲ့တဲ့အမှု ဖြစ်ပါတယ်။

ဒီအမှုကို မကွေးခရိုင်တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ်-၅၁ဖြင့်၂၀၁၆ ခုနှစ်က ရာဇသတ်ကြီးပုဒ်မ-၃၀၂ (၁)(ခ)/၃၂၆အရတရားစွဲတင်စစ်ဆေးခဲ့ပြီး၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက် နံနက် ၁၁ နာရီအချိန်ခန့်က မကွေးခရိုင် တရားသူကြီးက နိုင်ဝင်းကို ထောင်ဒဏ်အနှစ် ၃၀၊ ညီဖြစ်သူ မောင်ကျောက်ခဲ(ခ)အောင်သီဟကို ပြစ်ဒဏ် ၇နှစ် အမိန့်ချမှတ်ခဲ့တာပါ။
ရိုက်ကူး-တင်ရွှေ(မဇ္ဈိမ)
တည်းဖြတ်-ရဲနိုင်( လောက်ကိုင်)
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended