တိုင်းပြည်၏ ပြဿနာများဖြေရှင်းရာတွင် ပုဂ္ဂိုလ်ရေး မကြည့်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို

  • 5 years ago
တိုင်းပြည်၏ ပြဿနာများဖြေရှင်းရာတွင် ပုဂ္ဂိုလ်ရေး မကြည့်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို

**************************
အခုလက်ရှိအစိုးရအနေဖြင့် တိုင်းပြည်၏ ပြသနာများကို ဖြေရှင်းရာတွင် ပုဂ္ဂိုလ်ရေးမကြည့်ပဲ မူဝါဒအရ လုပ်ဆောင်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မတ်လ ၈ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲမှာ ကောလင်းဒေသခံတစ်ဦးက မြေယာကိစ္စနဲ့ ပက်သက်ပြီး မေးမြန်းချက် ပြန်လည်ဖြေကြားရာမှာ ထည့်သွင်း ပြောကြားလိုက်တာပါ။
ဒီကနေ့ တွေ့ဆုံပွဲမှာ ကြိုတင်မေးခွန်းများကို သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ဖြေကြားခြင်း၊ ဒေသခံ ပြည်သူများ၏ မေးမြန်းချက်များကို အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ဖြေကြား ခြင်းများလည်း ပြုလုပ်ခဲ့ပါတယ်။

ရိုက်ကူး-တည်းဖြတ် - ဘုန်းနိုင်ဖြိုး

Recommended