လေယာဉ်ပေါက်ကွဲမှု မဟုတ်ဟု ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဆို

  • 5 years ago
လေယာဉ်ပေါက်ကွဲမှု မဟုတ်ဟု ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဆို
**********************
ဇူလိုင်လ ၂၉ရက် မနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟင်္သာမြို့နယ်၊ အင်္ဂပူမြို့နယ် တို့အတွင်း ကြားခဲ့ရသော ပေါက်ကွဲသံမှာ လေယာဉ်ပျက်ကျမှု မဟုတ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားသည်။

ရိုက်ကူး - စည်သူမောင်မောင်

"ကျွန်တော်ဆီလည်း နှစ်နေရာသုံးနေရာက မေးတယ်။ ပေါက်ကွဲသံကြီးမားပုံရပါတယ်။ လုံနယ်ဝန်ကြီးက တဆင့်လုပ်တော့၊မှော်ဘီလေတပ်စခန်းက လေယာဉ် မောင်းသင်တာလား ကျင့်တာလား မသိဘူး။ လေယာဉ်အရှိန်မြင့်တာ။ နောက်ပိုင်းလေယာဉ်တွေမှာပါတဲ့နည်းပညာအရ အရှိန်မြှင့်ဖွင့်တာလို့ ပြောပါတယ်။ နယ်ခံတွေထိတ်လန့်တကြားဖြစ်ပြီး ကျွန်တော်ဆီ လှမ်းမေးတာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ကပြောသည်။

Recommended