ဖွဲ့စည်းပုံ အခြေခံမူများ ပြင်ဆင်ရေး တပ်နှင့် ကြံ့ခိုင်ရေး သဘောထား မပေး (ရုပ်/သံ)

  • 5 years ago
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့ စည်းပေးထားသည့် ပူးပေါင်းကော်မတီက ယနေ့တွင် ဖွဲ့ စည်းပုံ၏ အခန်း (၁) အခြေခံမူများကို စတင်ပြင်ဆင်နိုင်ရေး ဆွေးနွေးရာ တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီတို့က ပြင်ဆင်ချက် တင်သွင်းခြင်း မရှိကြောင်း သိရသည်။

ယင်းအခန်း ၁ အခြေခံမူများနှင့် ပတ်သက်၍ ပြင်ဆင်ချက် မတင်သွင်းသော်လည်း NLD နှင့် တိုင်းရင်းသား ပါတီများ၏ ပြင်ဆင် ချက်များကိုမှု ၄င်းတို့က မှတ်တမ်းသာယူကြောင်း ရခိုင်အမျိုးသား ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။ ယနေ့ အစည်းအဝေးကို နေ့လယ် ၁ နာရီမှ စတင်ခဲ့ပြီး ညနေ ၅ နာရီခန့်တွင် ပြီးဆုံးသွားခဲ့သည်။

Recommended