ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်ဘက်က သဘောမတူသော်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်း (ရုပ်/သံ)
  • 5 years ago
ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၉

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆောလျင်စွာ ပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတခု ဖွဲ့စည်းရန် ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြုလိုက်သည်။

ပူးပေါင်းကော်မတီ ဖွဲ့စည်းမှုကို ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ရယူရာ ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်တို့က သဘောမတူသဖြင့် မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၅၉၄ ဦးတွင် ထောက်ခံသူ ၃၈၉ ဦး၊ ကန့်ကွက်သူ ၁၉၂ ဦးနှင့် ကြားနေသူ ၃ ဦးဖြင့် အတည်ပြုနိုင်ခဲ့သည်။

ရိုက်ကူး - ကျော်မျိုး၊ ထက်နိုင်ဇော်
တည်းဖြတ် - ရွှေလေး
Recommended