Eleven အမႈ ရုပ္သိမ္းဖို႕ရိွ မရိွ အေၾကာင္းျပန္ဖို႕ တိုင္းအစိုးရကို မီဒီယာေကာင္စီအေၾကာင္းၾကားေအာက္တုိဘာ - ၁၉၊ ၂၀၁၈Eleven Media ရဲ႕သတင္းသမားသုံးဦးအမႈကို ရု
  • 5 years ago
Eleven အမႈ ရုပ္သိမ္းဖို႕ရိွ မရိွ အေၾကာင္းျပန္ဖို႕ တိုင္းအစိုးရကို မီဒီယာေကာင္စီအေၾကာင္းၾကား

ေအာက္တုိဘာ - ၁၉၊ ၂၀၁၈

Eleven Media ရဲ႕သတင္းသမားသုံးဦးအမႈကို ရုတ္သိမ္းဖို႕ရိွ မရိွ ေအာက္တိုဘာလ ၂၂ ရက္ေနာက္ဆုံးထားၿပီးအေၾကာင္းျပန္ေပးဖို႕ ရန္ကုန္တိုင္းအစိုးရကို သတင္းမီဒီယာေကာင္စီက ေျပာၾကားထားတယ္လို႕ သိရပါတယ္။

သတင္းေဆာင္းပါးတစ္ပုဒ္နဲ႕ ပတ္သက္ကာ တိုင္းအစိုးရ ကို ျပည္သူက အထင္မွားေစႏိုင္တယ္လို႕ ဆိုၿပီး တိုင္းအစိုးရ အဖြဲ႕က ညႊန္ၾကားေရးမွဴး တစ္ဦးက ႏိုင္ငံေတာ္အၾကည္ညိဳ ပ်က္ေစမႈနဲ႕ အမႈဖြင့္ခဲ့တာပါ။

အဲဒီအမႈနဲ႕ပတ္သက္ၿပီး သတင္းမီဒီယာေကာင္စီမွာ ညိွႏိႈင္းေျဖရွင္းၾကဖို႕ သမၼတက လမ္းညႊန္ထားျဖစ္ၿပီး ဒီကေန႕မွာေတာ့ ႏွစ္ဖက္စလုံးက ေကာင္စီ ဆီ လာေရာက္ခဲ့ၾကတာပါ။

ဒါေပမယ့္ အမႈကို ရုတ္သိမ္းၿပီးမွသာ ၾကားဝင္ေျဖရွင္းေပးလို႕ရမွာျဖစ္တယ္ လို႕ သတင္းမီဒီယာေကာင္စီရဲ႕ ဒုတိယ ဥကၠဌ (တစ္) ဟံသာဝတီဦးအုန္းႀကိဳင္က ဆိုပါတယ္။

ဒီကေန႕ ေကာင္စီကိုေတာ့ Eleven Media ဘက္ ကေရာ ၊ တရားလို လုပ္ တုိင္ထားသူ တိုင္းအစိုးရအဖြဲ႕က ညႊန္ၾကားေရးမွဴး ဦးေအာင္ေက်ာ္ခိုင္လာေရာက္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁၇ ရက္ေန႔က သတင္းသမား သံုးဦး အမႈကို တရားလိုဘက္ကို စတင္စစ္ေဆးခဲ့ၿပီး လာမယ့္ တပတ္မွာ အာမခံ ရ၊ မရ ကို အမိန္႔ခ်မွတ္မွာ ျဖစ္တယ္လုိ႔ သိရပါတယ္။

ရုပ္သံ သတင္းေထာက္- အလွေလး သူဇာ

(Unicode)

Eleven အမှု ရုပ်သိမ်းဖို့ရှိ မရှိ အကြောင်းပြန်ဖို့ တိုင်းအစိုးရကို မီဒီယာကောင်စီအကြောင်းကြား

အောက်တိုဘာ - ၁၉၊ ၂၀၁၈

Eleven Media ရဲ့သတင်းသမားသုံးဦးအမှုကို ရုတ်သိမ်းဖို့ရှိ မရှိ အောက်တိုဘာလ ၂၂ ရက်နောက်ဆုံးထားပြီးအကြောင်းပြန်ပေးဖို့ ရန်ကုန်တိုင်းအစိုးရကို သတင်းမီဒီယာကောင်စီက ပြောကြားထားတယ်လို့ သိရပါတယ်။

သတင်းဆောင်းပါးတစ်ပုဒ်နဲ့ ပတ်သက်ကာ တိုင်းအစိုးရ ကို ပြည်သူက အထင်မှားစေနိုင်တယ်လို့ ဆိုပြီး တိုင်းအစိုးရ အဖွဲ့က ညွှန်ကြားရေးမှူး တစ်ဦးက နိုင်ငံတော်အကြည်ညို ပျက်စေမှုနဲ့ အမှုဖွင့်ခဲ့တာပါ။

အဲဒီအမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာကောင်စီမှာ ညှိနှိုင်းဖြေရှင်းကြဖို့ သမ္မတက လမ်းညွှန်ထားဖြစ်ပြီး ဒီကနေ့မှာတော့ နှစ်ဖက်စလုံးက ကောင်စီ ဆီ လာရောက်ခဲ့ကြတာပါ။

ဒါပေမယ့် အမှုကို ရုတ်သိမ်းပြီးမှသာ ကြားဝင်ဖြေရှင်းပေးလို့ရမှာဖြစ်တယ် လို့ သတင်းမီဒီယာကောင်စီရဲ့ ဒုတိယ ဥက္ကဌ (တစ်) ဟံသာဝတီဦးအုန်းကြိုင်က ဆိုပါတယ်။

ဒီကနေ့ ကောင်စီကိုတော့ Eleven Media ဘက် ကရော ၊ တရားလို လုပ် တိုင်ထားသူ တိုင်းအစိုးရအဖွဲ့က ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်လာရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့က သတင်းသမား သုံးဦး အမှုကို တရားလိုဘက်ကို စတင်စစ်ဆေးခဲ့ပြီး လာမယ့် တပတ်မှာ အာမခံ ရ၊ မရ ကို အမိန့်ချမှတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ
Recommended