ခရစ်ယာန်ကဗီဒီယို (နှစ်သစ်ကူးမှာ ရဲ လာလည်သည်)

  • 5 years ago
New Myanmar Gospel Skit (နှစ်သစ်ကူးမှာ ရဲ လာလည်သည်)

ဇန်ရှင်မင်သည် အသက် ၇၀ နီးပါးရှိသည့် အဘိုးတစ်ယောက်ဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းသည့် ခရစ်ယာန်တစ်ယောက်ဖြစ်သည်။ သူသည် သခင်အား ယုံကြည်သောကြောင့် ဖမ်းဆီးခံရပြီး ထောင်ရှစ်နှစ်ကျခံခဲ့ရသည်။ ထောင်မှလွတ်လာသည့်အခါတွင် သူသည် တရုတ်ကွန်မြူနစ်ပါတီ၏ အာရုံစိုက်စောင့်ကြည့်မှုစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်။ အထူးသဖြင့် အဘိုးသည် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်အား လက်ခံပြီးနောက်တွင် ရဲတို့သည် သူ့အား အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်းတို့ပြုရန်အတွက် နေ့စဉ် လာသည်။ ဇန်ရှင်မင်သည် အိမ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပုံမှန်ဖတ်ရှုရန်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် သူ၏ မိသားစုပင်လျှင် သူ၏ စိုးရိမ်သောကကို မျှဝေခံစားရသည်။ ယခုအချိန်အခါသည် နှစ်သစ်ကူးအကြိုနေ့ဖြစ်ပြီး အဘိုးသည် မည်သို့ဖြစ်ပျက်လာမည်ကို မသိရှိလျှက် အိမ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုလျှက်နေလေသည်။

သင် ကြိုက်နှစ်သက်နိုင်သည့် ခရစ်ယာန်ရုပ်ရှင်များ
https://my.godfootsteps.org/videos/was-work-of-salvation-completed.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended