
  • 6 years ago

အောက်တိုဘာ - ၂၀၊၂၀၁၈


နိုင်ငံကျော်မင်းသမီးလေးယောက်ရဲ့ အမြင်တွေနဲ့ ဆန်းသစ်ထားတဲ့ ပိုးထည်ဆိုင်မှာ အသွင်ဆန်း တဲ့ပိုးထည်၊ချည်ထည်၊ချိတ်ဒီဇိုင်းမျိုးစုံကိုတွေ့ရမှာဖြစ်ပြီး ဈေးနှုန်းသင့်တင့်စွာရရှိနိုင်ဖို့ ကြိုးစားထားတယ်လို့ အကယ်ဒမီစိုးမြတ်သူဇာကပြောပါတယ်။




(Unicode)

စိုးမြတ်သူဇာတို့ညီအမလေးယောက်ဖွင့်လှစ်လိုက်တဲ့ “မင်းသမီး” ပိုးထည်ဆိုင်

အောက်တိုဘာ - ၂၀၊၂၀၁၈

အကယ်ဒမီစိုးမြတ်သူဇာ၊ အကယ်ဒမီစိုးမြတ်သူဇာ၊ တေးသံရှင်စန္ဒီမြင့်လွင်နဲ့ အကယ်ဒမီစိုးပြည့်သဇင်တို့ ညီအစ်မလေးယောက်ရဲ့ မင်းသမီး ပိုးထည်ဆိုင်က ဒီကနေ့မနက်မှာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

နိုင်ငံကျော်မင်းသမီးလေးယောက်ရဲ့ အမြင်တွေနဲ့ ဆန်းသစ်ထားတဲ့ ပိုးထည်ဆိုင်မှာ အသွင်ဆန်း တဲ့ပိုးထည်၊ချည်ထည်၊ချိတ်ဒီဇိုင်းမျိုးစုံကိုတွေ့ရမှာဖြစ်ပြီး စျေးနှုန်းသင့်တင့်စွာရရှိနိုင်ဖို့ ကြိုးစားထားတယ်လို့ အကယ်ဒမီစိုးမြတ်သူဇာကပြောပါတယ်။

ညီအစ်မသုံးယောက်ရဲ့ စိတ်ကူးတွေကို အထောင်အထည်ဖော်ခဲ့တာဖြစ်ပြီးမင်းသမီးပိုးထည်တိုက်ကို ညီအစ်မလေးယောက်စလုံးကပဲ ဦးဆောင်သွားမှာပါ။

မင်းသမီးပိုးထည်တိုက်ကို အမှတ် ၃၉၊ အင်းလျားမြိုင်လမ်း၊ ဗဟန်းမြို့နယ်မှာဖွင့်လှစ်ထားပြီး အောက်တိုဘာ ၂၀၊၂၁၊၂၂ရက်နေ့ကို ပရိုမိုးရှင်းကာလအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Recommended