တိုင်းဥပဒေချုပ်အသစ်က ရဲရဲတင်းတင်း လုပ်ကိုင်နိုင်ဖို့ လိုတယ် (ရုပ်/သံ)ဧရာဝတီ၊ စက်တင်ဘာ ၂၆၊ ၂၀၁၈တရားစွဲဆို အရေးယူခံရတဲ့ ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူး

  • 6 years ago
တိုင်းဥပဒေချုပ်အသစ်က ရဲရဲတင်းတင်း လုပ်ကိုင်နိုင်ဖို့ လိုတယ် (ရုပ်/သံ)

ဧရာဝတီ၊ စက်တင်ဘာ ၂၆၊ ၂၀၁၈

တရားစွဲဆို အရေးယူခံရတဲ့ ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးနေရာမှာ ခန့်အပ်တာဝန်ပေးနိုင်ဖို့အတွက် ဒီကနေ့ လွှတ်တော်မှာ ဥပဒေချုပ်အဖြစ် ဒေါ်ခင်မျိုးကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

ရန်ကုန်တိုင်းဥပဒေချုပ်အဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဒေါ်ခင်မျိုးကြည်ဟာ ဥပဒေလုပ်သက် (၃၄)နှစ်ရှိပြီး အသက် (၆၁) နှစ် ရှိပြီဖြစ်ပါတယ်။

ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးကို သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှု ရုပ်သိမ်းခဲ့တာနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုတိုကိဖျက်ရေးဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုအရေးယူထားတာဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ်- ရွှေလေး

Recommended