တိုင်းပြည်ရဲ့စီးပွားရေးကို ဒီထက်ပိုပြီး အာရုံစိုက်စေချင်တယ် (ရုပ်/သံ)ဧရာဝတီ၊ စက်တင်ဘာ ၅၊ ၂၀၁၈ငြိမ်းချမ်းရေးကို ဦးစားပေးကိုင်တွယ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦ

  • 6 years ago
တိုင်းပြည်ရဲ့စီးပွားရေးကို ဒီထက်ပိုပြီး အာရုံစိုက်စေချင်တယ် (ရုပ်/သံ)

ဧရာဝတီ၊ စက်တင်ဘာ ၅၊ ၂၀၁၈

ငြိမ်းချမ်းရေးကို ဦးစားပေးကိုင်တွယ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ တိုင်းပြည်ရဲ့စီးပွားရေးကို အာရုံစိုက်မှုအားနည်းတယ်လို့ စီးပွားရေးနယ်ပယ်က ဝေဖန်မှုတွေရှိခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး စီးပွားရေးနယ်ပယ်က အခက်အခဲတွေကို ပြောဆိုဆွေးနွေးခွင့်ရဖို့ လိုလားခဲ့ကြပါတယ်။

အစိုးရသက်တမ်းနှစ်နှစ်ခွဲ အကြာမှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲကို နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။

စီးပွားရေးနယ်ပယ်က မျှော်လင့်ခဲ့ကြတဲ့ အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့ပေမယ့် သူတို့ရဲ့အခက်အခဲတွေ တင်ပြဆွေးနွေးခွင့်တော့ မရခဲ့ကြဘူးလို့ ဆိုပါတယ်။

ရိုက်ကူး/တည်းဖြတ် - ရွှေလေး

Recommended