“ေဆးရံုမွတ္တမ္း” ဇာတ္လမ္းတြဲက ေအာင္ျမင့္ျမတ္ရဲ႕ အေတြ႔အၾကံဳေတြ စက္တင္ဘာ - ၂၄၊၂၀၁၈ေနျပည္ေတာ္မွာရို္က္ကူးေနတဲ့ ေဆးရံုမွတ္တမ္း (Hospital Diary)ဇာတ္လမ္းတြဲမွာ ဆ

  • 6 years ago
“ေဆးရံုမွတ္တမ္း” ဇာတ္လမ္းတြဲက ေအာင္ျမင့္ျမတ္ရဲ႕ အေတြ႔အၾကံဳေတြ

စက္တင္ဘာ - ၂၄၊၂၀၁၈

ေနျပည္ေတာ္မွာရို္က္ကူးေနတဲ့ ေဆးရံုမွတ္တမ္း (Hospital Diary)ဇာတ္လမ္းတြဲမွာ ဆရာဝန္ေနရာက ပါဝင္သရုပ္ေဆာင္ထားတဲ့ သရုပ္ေဆာင္ေအာင္ျမင့္ျမတ္က ဒီဇာတ္လမ္းတြဲနဲ႔ပတ္သက္ျပီး အေတြ႔အၾကံဳေကာင္းေတြ အမ်ားၾကီးရခဲ့တယ္လို႔ ဖြင့္ဟလာပါတယ္။

ေရာဂါရွာေဖြေရးအဖြဲ႔u ဆရာဝန္လူငယ္ေတြရဲ႕အေၾကာင္းကို အေျခတည္ရိုက္ကူးထားတာျဖစ္ျပီး ပရိသတ္ေတြျမင္ေတြ႔ေနက် ဇာတ္လမ္းမ်ိဳးမဟုတ္ဘူးလုိ႔လည္း ေအာင္ျမင့္ျမတ္ကေျပာပါတယ္။

ဒီဇာတ္လမ္းတြဲ သရုပ္ေဆာင္ကာရိုက္တာ အသစ္ကို ပရိသတ္ေတြကို ခ်ျပမွာ ျဖစ္လို႔ စိတ္လႈပ္ရွားေနတယ္လုိ႔ ေအာင္ျမင့္ျမတ္ကေျပာပါတယ္။

ဒီဇာတ္လမ္းတြဲမွာ လူငယ္သရုပ္ေဆာင္ေတြျဖစ္တဲ့ ေအာင္ျမင့္ျမတ္၊ စြမ္းထက္၊ ျမတ္သူေအာင္၊ သူရထူး၊ ႏြယ္ဒါလီထြန္း၊ ခင္သဇင္၊ ဂုဏ္ရည္ေအးေက်ာ္တို႔က ပါဝင္သရုပ္ေဆာင္ထားတာပါ။

“Hospital Diary” ဇာတ္လမ္းတြဲကို ဒါရိုက္တာ မင္းခုိက္စိုးစန္က ရိုုက္ကူးေနတာျဖစ္ျပီး စက္တင္ဘာ ၂၇ ရက္ေန႔ကစျပီး အပတ္စဥ္ ဗုဒၶဟူး၊ ၾကာသပေတး၊ ေသာၾကာေန႔ေတြမွာ MRTV ရုပ္သံလုိင္းကေန ျပသသြားမယ္လုိ႔ သိရပါတယ္။

ရုပ္သံသတင္းေထာက္-ေအးျမတ္

Unicode

“ဆေးရုံမှတ်တမ်း” ဇာတ်လမ်းတွဲက အောင်မြင့်မြတ်ရဲ့ အတွေ့အကြုံတွေ

စက်တင်ဘာ - ၂၄၊၂၀၁၈

နေပြည်တော်မှာရိုက်ကူးနေတဲ့ ဆေးရုံမှတ်တမ်း (Hospital Diary)ဇာတ်လမ်းတွဲမှာ ဆရာဝန်နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်အောင်မြင့်မြတ်က ဒီဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး အတွေ့အကြုံကောင်းတွေ အများကြီးရခဲ့တယ်လို့ ဖွင့်ဟလာပါတယ်။

ရောဂါရှာဖွေရေးအဖွဲ့u ဆရာဝန်လူငယ်တွေရဲ့အကြောင်းကို အခြေတည်ရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေမြင်တွေ့နေကျ ဇာတ်လမ်းမျိုးမဟုတ်ဘူးလို့လည်း အောင်မြင့်မြတ်ကပြောပါတယ်။

ဒီဇာတ်လမ်းတွဲ သရုပ်ဆောင်ကာရိုက်တာ အသစ်ကို ပရိသတ်တွေကို ချပြမှာ ဖြစ်လို့ စိတ်လှုပ်ရှားနေတယ်လို့ အောင်မြင့်မြတ်ကပြောပါတယ်။

ဒီဇာတ်လမ်းတွဲမှာ လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ အောင်မြင့်မြတ်၊ စွမ်းထက်၊ မြတ်သူအောင်၊ သူရထူး၊ နွယ်ဒါလီထွန်း၊ ခင်သဇင်၊ ဂုဏ်ရည်အေးကျော်တို့က ပါဝင်သရုပ်ဆောင်ထားတာပါ။

“Hospital Diary” ဇာတ်လမ်းတွဲကို ဒါရိုက်တာ မင်းခိုက်စိုးစန်က ရိုက်ကူးနေတာဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်နေ့ကစပြီး အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့တွေမှာ MRTV ရုပ်သံလိုင်းကနေ ပြသသွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက်-အေးမြတ်

Recommended