အိန္ဒိယ မြောက်ပိုင်းမှာ ရေလွှမ်းမိုးမှုတွေကြောင့် လူ ၆၀ ကျော် သေဆုံးဇူလိုင် - ၂၉ ၊၂၀၁၈ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ရေလွှမ်းမိုးမှုတွေကြောင့် လူ ၆၀ ထက်မနည်း သေဆ

  • 6 years ago
အိန္ဒိယ မြောက်ပိုင်းမှာ ရေလွှမ်းမိုးမှုတွေကြောင့် လူ ၆၀ ကျော် သေဆုံး

ဇူလိုင် - ၂၉ ၊၂၀၁၈

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ရေလွှမ်းမိုးမှုတွေကြောင့် လူ ၆၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ယူတာပရာဒက်ရှ် ပြည်နယ်မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး မိုးကြိုးမုန်တိုင်းတွေပါ ဖြစ်ပေါ်ခဲ့ပါတယ်။

မိုးရွာသွန်းမှုနဲ့အတူ မြေနိမ့် ဧရိယာ တော်တော်များများမှာ ရေကြီး ရေလျှံမှုတွေ ပေါ်ပေါက်လာကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် လူ ၆၀ ကျော် သေဆုံးခဲ့သလို ၅၀ ကျော် ဆေးရုံတက်ခဲ့ပါတယ်။ ဂါဇိုင်ဘက်ဒ်မြို့မှာတော့ ရေတိုက်စားမှုကြောင့် တံတားတစ်စင်းပါ ပြိုကျခဲ့ပါတယ်။

မုတ်သုံမိုးဟာ အိန္ဒိယ လယ်သမားတွေအတွက် အရမ်းအရေးကြီးတဲ့ ရာသီဥတု လက်ဆောင်မွန် တစ်ခု ဖြစ်ပေမယ့် ဘေးထွက်ဆိုးကျိုး အနေနဲ့ လူ့အသက် အိုးအိမ် ထိခိုက် ဆုံးရှုံးမှုတွေလည်း နှစ်စဉ် ကြုံရလေ့ ရှိပါတယ်။

Recommended