Comic ဇာတ်ကောင် Cosplayတွေ အစုံအလင် တွေ့မြင်ခဲ့ရတဲ့ Comic-con အခမ်းအနားဇူလိုင်-၂၂၊ ၂၀၁၈Comic-con အခမ်းအနားမှာ ပါဝင် ဆင်နွှဲသူတွေက အကြိုက်ဆုံး Comic ဇာတ်ကောင်

  • 6 years ago
Comic ဇာတ်ကောင် Cosplayတွေ အစုံအလင် တွေ့မြင်ခဲ့ရတဲ့ Comic-con အခမ်းအနား

ဇူလိုင်-၂၂၊ ၂၀၁၈

Comic-con အခမ်းအနားမှာ ပါဝင် ဆင်နွှဲသူတွေက အကြိုက်ဆုံး Comic ဇာတ်ကောင်တွေနဲ့ သရုပ်တူ Cosplay ဝတ်စုံတွေနဲ့အတူ ပွဲတက်လာကြတာကို တွေ့ရပါတယ်။

ဆန်ဒီယေဂိုမှာ ကျင်းပခဲ့တဲ့ Comicနဲ့ အနုပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲ အခမ်းအနားမှာ ကမ္ဘာကျော် Comic ဇာတ်လမ်း အခြေပြု ရုပ်ရှင်တွေ၊ ရုပ်မြင်သံကြား စီးရီးတွေနဲ့ ပတ်သက်တဲ့ မိတ်ဆက် ကြေညာချက် အသစ်တွေကိုလည်း ထုတ်ပြန်လေ့ ရှိပါတယ်။

ဒီနှစ် အခမ်းအနားမှာကို တက်ရောက်လာသူတွေကတော့ Hulk၊ Deadpool၊ Guardians of Galaxy အစရှိတဲ့ နာမည်ကျော် Comic ဇာတ်ကောင်တွေရဲ့ သရုပ်တူ Cosplayပုံစံတွေကို ဝတ်ဆင်လာကြပါတယ်။ နှစ်စဉ် ကျင်းပတဲ့ Comic-con အခမ်းအနားမှာ Comic ပရိသတ်တွေက အခုလို ဝတ်ဆင်ပြီး ပွဲတက်တာ အစဉ်အလာ တစ်ခုလို ဖြစ်နေပါပြီ။

အခုနှစ် Comic-con အခမ်းအနားကိုတော့ ဇူလိုင် ၁၉ ရက်ကနေ ၂၂ ရက်ထိ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

Recommended