ဂူအတွင်းပိတ်မိနေတဲ့ ထိုင်းလူငယ်တွေ အတွက် မြန်မာတွေလည်း စိတ်ပူ (ရုပ်/သံ)ဧရာဝတီ၊ ဇူလိုင် ၇၊ ၂၀၁၈ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်မြို့ပြင်က ထမ့်လုံလှိုဏ်ဂူအတွင်းမှ

  • 6 years ago
ဂူအတွင်းပိတ်မိနေတဲ့ ထိုင်းလူငယ်တွေ အတွက် မြန်မာတွေလည်း စိတ်ပူ (ရုပ်/သံ)

ဧရာဝတီ၊ ဇူလိုင် ၇၊ ၂၀၁၈

ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်မြို့ပြင်က ထမ့်လုံလှိုဏ်ဂူအတွင်းမှာ ပိတ်မိနေတဲ့ တောဝက် ဘောလုံး အသင်းသား ၁၂ ဦးနဲ့ လက်ထောက်နည်းပြတဦး အသက်ရှင်လျှက် အန္တရာယ်ကင်းစွာ လွတ်မြောက်လာဖို့ အတွက် ဇူလိုင်လ ၆ ရက်နေ့က ဂူအနီးက တောင်ခြေမှာ မြန်မာတွေက လာရောက်ပြီး မေတ္တာပို့ ဆုတောင်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။

မြန်မာ့ယဉ်ကျေးမှုအဖွဲ့၊ ဂေါ်ရခါးလူမျိုးများနဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက ထမ့်လုံဂူအနီးကို ရောက်ရှိလာပြီး မေတ္တာပို့ ဆုတောင်းဖြစ်ခဲ့ရတဲ့ အကြောင်းကို လည်း ဆုတောင်းပွဲ အပြီးမှာ ရှင်းပြပါတယ်။

တည်းဖြတ် -အောင်မိုးမြင့်

Recommended