  • 6 years ago
ဇူလိုင် - ၁၉ ၊၂၀၁၈
(Unicode)
အာဇာနည်နေ့ ဝန်ကြီးများရုံးမြင်ကွင်း
ဇူလိုင် - ၁၉ ၊၂၀၁၈
ဒါကတော့ ၇၁နှစ်မြောက်အာဇာနည်မှာတွေ့ရတဲ့ ဝန်ကြီးများရုံးကမြင်ကွင်းပါ။
ဒီနှစ်ကျရောက်တဲ့ အာဇာနည်နေ့မှာ အများပြည်သူလေ့လာနိုင်ဖို့ ဝန်ကြီးများရုံးအတွင်းရှိ တိုင်းပြုပြည်ပြုလွှတ်တော်၊ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံအလံပထမဆုံးလွှင့်တင်ခဲ့တဲ့အလံတိုင်၊ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့အထိမ်းအမှတ်ကျောက်တိုင်၊ဗိုလ်ချုပ်နဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေကျဆုံးခဲ့တဲ့အခန်းကို CCTVနဲ့ပြသထားပါတယ်။
ပြီးခဲ့တဲ့နှစ်မှာတော့အာဇာနည်ခေါင်းဆောင်တွေကျဆုံးခဲ့တဲ့အခန်းနဲ့အသုံးအဆောင်ပစ္စည်းတွေကိုလေ့လာနိုင်တာဖြစ်ပြီး ဒီနှစ်မှာတော့ပြန်လည်ပြင်ဆင်နေတဲ့အတွက် ကြည့်ရှုခွင့်ပိတ်ထားတာပါ။ အများပြည်သူကိုမနက်၈နာရီကနေညနေ၆နာရီထိလေ့လာနိုင်ဖို့ ခွင့်ပြုထားတာဖြစ်ပြီး ဇူလိုင်၂၁ရက်နေ့ထိ ကြည့်ရှုလေ့လာခွင့်ပြုထားတယ်လို့သိရပါတယ်။
ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်
Recommended