အစိုးရ အလုပ်ရှင် အလုပ်သမားကြား တိုက်ရိုက်ဆက်သွယ်ရေး အဖွဲ့ထားမည် (ရုပ်/သံ)ဧရာဝတီ ၊ ဇွန် ၁၃ ၊ ၂၀၁၈အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ညီလာခံ (ILC)တွင်

  • 6 years ago
အစိုးရ အလုပ်ရှင် အလုပ်သမားကြား တိုက်ရိုက်ဆက်သွယ်ရေး အဖွဲ့ထားမည် (ရုပ်/သံ)

ဧရာဝတီ ၊ ဇွန် ၁၃ ၊ ၂၀၁၈

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ညီလာခံ (ILC)တွင် သွားရောက်ဆွေးနွေးခဲ့တဲ့ အလုပ်သမား ကိုယ်စားလှယ်များ၏ သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ Orchid Hotel မှာကျင်းပခဲ့ပါတယ်။

နောက်တစ်ကြိမ် ထပ်မံကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ မတိုင်ခင်အထိ အစိုးရ ၊ အလုပ်ရှင် နဲ့ အလုပ်သမား သုံးပွင့်ဆိုင် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ရေးအဖွဲ့ (Direct Contacts Mission) ကို မြန်မာအစိုးရမှ လက်ခံရန် နှင့် ၂၀၁၈ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ကျွမ်းကျင်သူများ ကော်မတီ အစည်းအဝေးသို့ အကြံပြုချက်များအပေါ်တွင် တိုးတက်ဖြစ်ထွန်းမှု အခြေအနေများကို အစီရင်ခံတင်ပြရန် အစိုးရအား ကော်မတီမှ တိုက်တွန်းချက်ကို သဘောတူညီကြောင်း သိရပါတယ်။

ရိုက်ကူး /တည်းဖြတ်- ဝေနှင်းထွဋ်

Recommended