ကလောမြို့တွင် အမျိုးသားအဆင့် လူထုနှင့်ခရီးသွားလုပ်ငန်း ညီလာခံကျင်းပ (ရုပ်/သံ)ဧရာဝတီ ၊ ဇွန် ၇ ၊ ၂၀၁၈တတိယအကြိမ်မြောက် အမျိုးသားအဆင့် လူထုနှင့် ခရီးသွားလုပ်င

  • 6 years ago
ကလောမြို့တွင် အမျိုးသားအဆင့် လူထုနှင့်ခရီးသွားလုပ်ငန်း ညီလာခံကျင်းပ (ရုပ်/သံ)

ဧရာဝတီ ၊ ဇွန် ၇ ၊ ၂၀၁၈

တတိယအကြိမ်မြောက် အမျိုးသားအဆင့် လူထုနှင့် ခရီးသွားလုပ်ငန်း ညီလာခံကို ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင် ဇွန်လ ၆ ရက်မှ ၈ ရက်နေ့အထိ ၃ရက်ကြာကျင်းပသွားမည်ဖြစ်သည်။အဆိုပါ ညီလာခံကို ကလောမြို့တွင် ပထမဆုံးအကြိမ် ကျင်းပခြင်းလဲ ဖြစ်သည်။

ညီလာခံပထမနေ့တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ ဂျာမနီအခြေစိုက် ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်း (မြန်မာ)၊ မြန်မာ့တာဝန်သိ ခရီးသွားလုပ်ငန်းအဖွဲ့ ဦးဆောင်ကာ အခြားခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အဖွဲ့အစည်းအချို့က တက်ရောက်ဆွေးနွေးသွားခဲ့သည်။

အမျိုးသားအဆင့်လူထုနှင့် ခရီးသွားလုပ်ငန်းညီလာခံကို ၂၀၁၆ မှစပြီး နှစ်စဉ် နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယခု ကျင်းပနေသော တတိယအကြိမ် ညီလာခံကို ပြည်တွင်း၊ ပြည်ပ ခရီးသွားအများစု စိတ်ဝင်တစား လာရောက် လည်ပတ်ကြသော ကလောမြို့ကို ရွေးချယ်ကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။

ရိုက်ကူး- ဇော်ဇော်

Recommended