မင်းဘူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ် လူတဦးသေဆုံး (ရုပ်/သံ)ဧရာဝတီ ၊ ဇွန် ၁၇ ၊ ၂၀၁၈မကွေးတိုင်းဒေသကြီးအတွင်း ဇွန်လ ၉ရက်နေ့မှ စတင်၍ မိုးသည်းထန်စွာ အဆက်မပြ

  • 6 years ago
မင်းဘူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ် လူတဦးသေဆုံး (ရုပ်/သံ)

ဧရာဝတီ ၊ ဇွန် ၁၇ ၊ ၂၀၁၈

မကွေးတိုင်းဒေသကြီးအတွင်း ဇွန်လ ၉ရက်နေ့မှ စတင်၍ မိုးသည်းထန်စွာ အဆက်မပြက်ရွာသွန်းမှုကြောင့် ပွင်ြ့ဖူမြို့နယ်နှင့်မင်ဘူး(စကု)မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကာ လူ၁ဦးသေဆုံးပြီး လူနေအိမ် ၈၀ကျော် ရွေ့ပြောင်းပေးခဲ့ရသည်။ လူဦးရေ ၁သောင်းကျော် ရေဘေးသင့်ခဲ့သလို ရှေးဟောင်းစေတီတော်အချို့လည်းပြိုကျခဲ့ကြောင်း သိရသည်။

အဆိုပါရေဘေးသင့်ပြည်သူများအတွက် ဓမ္မာရုံများ ဘုရားစေတီရင်ပြင်များ စာသင်ကျောင်းများ၌ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားပြီး ပွင့်ဖြူမြို့နယ် ကယ်ဆယ်ရေး
စခန်း ၁၀ခု စကုမြို့၌ ကယ်ဆယ်ရေးစခန်း ၇ခု ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

ရိုက်ကူး- ဇော်ဇော် ၊ ဒီလှိုင်းဝင်း

Recommended