မငြိမ်းချမ်းတဲ့ဒေသတွေမှာ သုံးရက်ကို တစ်ဦးနှုန်း မိုင်းအန္တရာယ် ကြုံတွေ့နေရ

  • 7 years ago
ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ ဒေသတွေမှာ သုံးရက်ကို တစ်ဦးနှုန်းနဲ့ မိုင်းအန္တရာယ်ကြောင့် ထိခိုက်မှုကို ခံနေရတယ်လို့ သိရပါတယ်။

ဒီကနေ့ စက်တာဘာ ၂၈ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းကင်းစင်ရေးလှုပ်ရှားမှု အလုပ်ရုံဆွေးနွေးပွဲမှာ လူမှုန်ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားမှုးဦးအောင်ကျော်မိုးကေ ပြောဆိုလိုက်တာပါ။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ မိုင်းအန္တရာယ်က ရှိနေဆဲဖြစ်ပြီး
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ဒေသခံတွေက မိုင်းကြောင့် ထိခိုက်မှုအများဆုံးခံနေရတာလို့ သိရပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာပဲ မိုင်းအန္တရာယ်ထိခိုက်ခံရတဲ့ ဒေသခံ ၇၀ ဦးရှိပြီ မိုင်းထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကို တစ်ဦးလျှင်ကျပ်နှစ်သိန်းနှုန်းနဲ့ ဦးငါးဆယ်ကို ထောက်ပံ့ပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဝန်ကြီးဌာနအနေနဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲ မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် ပညာပေးလုပ်ငန်းတွေနဲ့း ပြန်လည်နေရာချထားရေးတွေသာ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက်-မောင်သင်တုန်း

Recommended