မနက်ခင်းသတင်းစာ

  • 7 years ago
မနက်ခင်း သတင်းစာ အစီအစဉ်က နေ့စဉ်ထုတ် 7Day Daily သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီးဖြစ်တဲ့ သတင်းတွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒီနေ့တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ နိုင်ငံတကာ သံတမန်များကို ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ စက်တင်ဘာ ၂၈ ရက်တွင် သွားရောက်ရန် ဖိတ်ကြားထားဆိုတဲ့သတင်း ၊ အမ်းတွင် ဆူပူမှုပြုလုပ်ရန် လူတစ်ဦးလျှင် ကျပ်ငါးသိန်းပေးမည်ဆိုပြီး လာရောက်စည်းရုံးမှုများရှိနေဟု မကွေးတိုင်းဝန်ကြီးချုပ်ပြောကြား ဆိုတဲ့သတင်း ၊ ကျောင်းသား၊ ကျောင်းသူများအား ကာယိနြေ္ဒပျက်ပြားစေမည့် သွန်သင်ဆုံးမမှုများ မပြုလုပ်ရန် ညွှန်ကြားချက်ထုတ်ဆိုတဲ့ သတင်းနဲ့ အိန္ဒိယတွင်နေအိမ်တိုင်း လျှပ်စစ်မီးလင်းရေး စီမံကိန်း ရန်ပုံငွေဒေါ်လာ ၂ဒဿမ၅ ဘီလီယံ ရရှိထားကြောင်း ၀န်ကြီးချုပ်မိုဒီပြောဆိုတဲ့သတင်းတွေပဲ ဖြစ်ပါတယ်။

မနက်ခင်း သတင်းစာ အစီအစဉ်ကို တနလာင်္နေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၁၀ နာရီတိုင်းမှာ တင်ဆက်သွားမှာဖြစ်ပါတယ်။