မနက်ခင်းသတင်းစာ

  • 7 years ago
မနက်ခင်း သတင်းစာ အစီအစဉ်က နေ့စဉ်ထုတ် 7Day Daily သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီးဖြစ်တဲ့ သတင်းတွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒီနေ့တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ ဗြိတိန်မှ သင်တန်းဆိုင်းငံ့ခံရသော တပ်မတော်အရာရှိ ငါးဦးကို အမြန်ဆုံးပြန်လည်ခေါ်ယူမည်ဆိုတဲ့သတင်း ၊ ရခိုင်အရေးနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ထံ ဖုန်းဆက်ဆွေးနွေး ဆိုတဲ့သတင်း ၊ ရေကြီးနေ၍ ကလေးမြို့ရှိ လူ ၅,၀၀၀ ကျော် ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းဆိုတဲ့ သတင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မွမ်ဘိုင်းလေဆိပ်တွင် လေယာဉ်တစ်စီး နွံနစ်တဲ့သတင်းတွေပဲ ဖြစ်ပါတယ်။

မနက်ခင်း သတင်းစာ အစီအစဉ်ကို တနလာင်္နေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၁၀ နာရီတိုင်းမှာ တင်ဆက်သွားမှာဖြစ်ပါတယ်။