မြို့တွင်းတိုက်ပွဲတွေအတွက် ဂျပန်နဲ့ အမေရိကန် တပ်ဖွဲ့တွေ ပူးပေါင်းလေ့ကျင့်

  • 7 years ago
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု မြင့်တက်လာချိန်မှာ ဂျပန်နဲ့ အမေရိကန်တို့ ပူးပေါင်းပြီး မြို့တွင်းတိုက်ပွဲ သရုပ်တူ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ ၁၈ ရက်က ဂျပန်နိုင်ငံက ဖူဂျီတောင်ကြီးရဲ့ အောက်ခြေ ဧရိယာမှာ အမေရိကန် စစ်တပ်ရဲ့ မြို့သိမ်း တိုက်ခိုက်ရေး ယူနစ်တွေနဲ့ ဂျပန် ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့တွေ့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နှစ်နိုင်ငံ ပူးပေါင်းပြီး နှစ်စဉ် ပြုလုပ်လေ့ရှိတဲ့ နှစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှုကြီးရဲ့ အစိတ်အပိုင်း တစ်ရပ်လို့လည်း သိရပါတယ်။

Orient Shield 17လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုမှာ နှစ်နိုင်ငံ စစ်သည် ၁၂၀၀ လောက် ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ မြို့ပြ အဆောက်အအုံတွေ သိမ်းယူတာ၊ စစ်မြေပြင်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်တာတွေကို လက်တွေ့ လေ့ကျင့်ခဲ့ကြတယ်လို့လည်း အမေရိကန် ပစိဖိတ် စစ်ဌာနချုပ်က ကြေညာပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၅ ရက်ထိ ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

Recommended