ထိုင်ဝမ် Cathay United Bank က မြန်မာမှာ ဘဏ်ခွဲဖွင့်လို

  • 7 years ago
ထိုင်ဝမ်အခြေစိုက် Cathay United Bank က မြန်မာနိုင်ငံမှာ ဘဏ်ခွဲတစ်ခု ဖွင့်လှစ်နိုင်ဖို့ အစိုးရဆီကနေ မျှော်လင့်နေတယ်လို့ ဘဏ်ရဲ့ ဘဏ်လုပ်ငန်းနဲ့ နည်းဗျူဟာဌာန ဒုတိယဥက္ကဌ မစ္စတာ Paul Lin က မဇ္ဈိမကို ပြောပါတယ်။ သူတို့အနေနဲ့ လက်ရှိအချိန်မှာ ကိုယ်စားလှယ်ရုံးခွဲအနေနဲ့သာ ဖွင့်လှစ်ထားနိုင်တာဖြစ်ပြီး ဒါက အလုပ်လုပ်ဖို့ အကန့်အသတ်တွေဖြစ်နေတယ်လို့ပါ ပြောပါတယ်။
အမှန်တော့ Cathay United Bank အနေနဲ့က အရင်အစိုးရလက်ထက် နိုင်ငံခြားဘဏ်ခွဲတွေ ဖွင့်လှစ်ခွင့် ပြုချိန်ကတည်းက ဘဏ်ခွဲလုပ်ငန်းလိုင်စင် ၂ ကြိမ် လျှောက်ခဲ့ပေမယ့် အဲဒိ ၂ ကြိမ်စလုံး ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။ အဲဒိတော့ Cathay ရဲ့ ဆန္ဒနဲ့ ဘာတွေ လုပ်ချင်လဲဆိုတာကိုတော့ မဇ္ဈိမမီဒီယာရဲ့ အကြီးတန်းသတင်းထောက်နဲ့ စီးပွားရေးသတင်းတာဝန်ခံ ကိုအောင်သူရက မစ္စတာ Paul Lin ကို မေးမြန်းတင်ဆက်ထားပါတယ်။

Recommended