ထားဝယ်အထူးစီးပွားရေးဇုန်နှင့် အစိုးရသစ်သဘောထား_7minutes

  • 7 years ago
၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း၊ ထားဝယ်အထူးစီးပွားရေး ဇုန်စီမံကိန်းက အချိန် ၈ နှစ်ထဲမှာ စီမံကိန်းငွေကြေးအရင်းအနှီးလိုအပ်ချက်၊ ဒေသခံတွေရဲ့ ကန့်ကွက်မှုနဲ့ တစ်ခြား ရင်းနှီးမြှုပ်နှံသူ နိုင်ငံတွေကြား မပြေလည်မှုတွေကြောင့် ရပ်လိုက်၊ နားလိုက်၊ ပြန်စလိုက်ဆိုပြီး မတည်မငြိမ်ဖြစ်နေ ဆဲဖြစ်ပါတယ်။ အခုလက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်တဲ့ အစိုးရ တက်လာပြီးချိန်မှာ ဒီစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်သွားဖို့ရှိနေပါတယ်။ ဒါပေမယ့် ရှေ့မှာ စကားခံခဲ့သလို မပြေလည်မှုတွေကလည်း အစိုးရ အဆက်ဆက်လက်ထက်မှာ ရှိနေတုန်းပါ။ အခုတစ်ပတ် 7mins အစီအစဉ်ကနေ အစိုးရသစ်လက်ထက် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်းကို ဘယ်လို သဘောထားသလဲ၊ ဘာတွေ လုပ်သွားမလဲဆိုတာကို တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ကို မသိ င်္ဂီထွန်းက မေးမြန်းထားတာကို ရှုစားရမှာဖြစ်ပါတယ်။

Recommended