မသန်စွမ်း အလုပ်အကိုင် ရရှိရေး တစ်ကိုယ်တော် ဆန္ဒပြ

  • 7 years ago
မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက် ၁၀နာရီခန့်က မဟာဗန္ဓုလပန်းခြံရှေ့မှာ တစ်ကိုယ်တော် တောင်းဆိုဆန္ဒပြခဲ့သည် ။ " ကျွန်တော်တို့က အစိုးရနဲ့ပတ်သက်တဲ့ စာသင်ကျောင်းတို့၊ စက်ရုံတို့မှာ ဘာပဲရရ လုပ်ချင်ပါတယ်။ နောက်ဆုံး အစောင့်ပဲရရ၊ သန့်ရှင်းရေးပဲရရ လုပ်ချင်ပါတယ်။ ခုလို ဆန္ဒပြတာက သမ္မတကြီးဦးထင်ကျော်နဲ့ ၀န်ကြီးချူပ်ဦးဖြိုးမင်းသိန်း သိစေချင်လို့ ခုလိုပြတာပါ " ဟု ဆန္ဒပြတောင်းဆိုသူ ဦးသန်းဦးက ပြောသည် ။

Recommended