ပြည်တွင်းကြော်ငြာဘတ်ဂျတ် ရာခိုင်နှုန်းအနည်းငယ် ကျဆင်း

  • 7 years ago
" သေချာတာကတော့ ကြော်ငြာဘတ်ဂျတ်က ကျသွားတယ်။ မနှစ်က ၁၅ နဲ့ ၁၆ မှာယှဉ်ရင် ကြော်ငြာဝင်ငွေက ၅ ရာခိုင်နှုန်း ၆ ရာခိုင်နှုန်း အဲလောက်ပဲ တိုးတယ်။ အဲဒီဥစ္စာက ငွေကြေးဖောင်းပွတာလဲဖြစ်နိုင်တယ်"

ကြော်ငြာ! ကျော်ရအောင် ညာတာလား? ဘာပဲဖြစ်ဖြစ် ကိုယ်ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတွေကို စားသုံး သူလက်ထဲရောက်ရှိဖို့ မီဒီယာပေါင်းစုံကနေ ဆွဲဆောင်နေရတာပါ။ မြန်မာမှာဆိုရင်လည်း ဒွေးတို့ ထက်ထက်မိုးဦးတို့ ခေတ်ကောင်းခဲ့တုန်းကဆိုရင်လည်း ကြော်ငြာခေတ်ဆိုပြီး ဖြစ်ခဲ့တယ်ဆိုတာကိုလည်း အားလုံးမှတ်မိကြဦးမှာပါ။ လက်ရှိအချိန်မှာဆိုရင်လည်း ရုပ်မြင်သံကြားမီဒီယာအပြင် အခြားမီဒီယာအစုံကနေ ကြော်ငြာလာနေပါပြီ။

ဒါပေမယ့် ပြည်တွင်းက ထိပ်တန်းကြော်ငြာအေဂျင်စီတစ်ခုရဲ့ လုပ်ငန်းရှင်တစ်ဦးက တော့ ဒီဘက်ခေတ်မှာ ကုန်ပစ္စည်းပိုင်ရှင်တွေက ကြော်ငြာတဲ့အပိုင်းမှာ ငွေ သိပ်မသုံးကြတော့ဘူးလို့ သတင်းထဲမှာ ပြောပြလာပါတယ်။

ပြင်သစ်နိုင်ငံသား နီးရောဘတ်က မြန်မာပြည်မှာ ကြော်ငြာအေဂျင်စီ လုပ်ငန်းကို လုပ်ကိုင်ဖို့ လာခဲ့တာ အချိန် ၃ နှစ်ကျော်တောင် ရှိနေပါပြီ။ ဒီအတွက်လည်း ဒီမှာ ဈေးကွက်နဲ့ အပြောင်းအလဲတွေ ရှိနှင့်နေပြီးသား ဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။ သူဒီအလုပ်ကို စလုပ်တုန်းကဆိုရင် လုပ်ငန်းရှင်တွေက ရုပ်သံကြော်ငြာလိုမျိုး ပုံစံတစ်ခုတည်းကနေပဲ ပုံသေ ကြော်ငြာဖို့ စိတ်အားထက်သန်ကြတယ်လို့ ပြောပြလာပါတယ်။

သတင်းအပြည့်အစုံကိုတော့ ကိုအောင်သူရနဲ့ မရှုမ၀အောင်တို့က တင်ပြပေးထားပါတယ်။

Recommended