ရွာငံမှာ ချယ်ရီသီး ဈေးကောင်းရနေ
  • 7 years ago
ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်အဆင့်ရှိတဲ့ ရွာငံဒေသမှာဆိုရင် အရည်အသွေးကောင်း ကော်ဖီထုတ်လုပ် မှုအတွက် နာမည်ကောင်းရအောင် ကြိုးစားနေတဲ့ ဒေသတစ်ခုဖြစ်လာနေပါတယ်။ ဒေသခံ ကော်ဖီပင်လို့ ချယ်ရီသီးပင် စိုက်ပျိုးတဲ့ တောင်သူတွေပြောစကားအရဆိုရင် လက်ရှိအချိန်မှာ ရွာငံဒေသအနေနဲ့ ကော်ဖီလုပ်ငန်းကို လုပ်ကိုင်လာတာ ပိုပြီးများလာတယ်လို့ ပြောဆိုထားပါတယ်။ နောက်ပြီး ချယ်ရီသီး ဈေးနှုန်းတွေလည်း ၂ ဆလောက် မြင့်တက်ဈေးကောင်း ရလာတယ်လို့ ပါ အဲဒိက ဈေးကွက်တွေအတွင်း သိရပါတယ်။ အဲဒိက ကော်ဖီစိုက်ပျိုးထုတ်လုပ်နေတဲ့ အခြေအနေနဲ့ ချယ်ရီသီးဈေးကွက်တစ်ချို့ကို မထက်ထက်အောင်က ပြောပြပေးထားတာကို ရှုစားရမှာဖြစ်ပါတယ်။
Recommended