ADB ၏ ဒုတိယဥက္ကဌ Stephen P.Groff နှင့် မဇ္ဈိမမီဒီယာ သီးသန့်အင်တာဗျူး အပိုင်း-၁

  • 7 years ago
အာရှဖွံဖြိုးရေးဘဏ် ADB အနေနှင့် ၂၀၁၃ ခုနှစ်ကနေစပြီး မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ထောက်ပံ့အကူအညီပေးရေး စီမံကိန်းများကို စတင်ခဲ့သည်။ ထိုသို့ လုပ်ဆောင်သည့်နေရာတွင်နိုင်ငံ၏မိတ်ဘက် မဟာဗျူဟာကြားဖြတ်အစီအစဉ်အရ နှစ်ပိုင်းအလိုက်အကူအညီပေးနေခြင်းဖြစ်သည်။
ထို့ကြောင့် ယခု ၂၀၁၇ ခုနှစ်ကနေ၍ ADB ၏ ကြားဖြတ်အကူအညီပေးရေးအစီအစဉ်သစ်ကိုစတင်သွားဖို့လည်း ရှိနေရာ ယင်းအစီအစဉ်အသစ်ကိုအကောင်အထည်ဖော်ရန်အတွက် ADB ရဲ့ အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဒုတိယဥက္ကဌဖြစ်သူ Mr.Stephen P.Groff သည် မတ်လ ၆ ရက်နေ့က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်အပြင် ဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများနှင့် သီးခြားတွေ့ဆုံခဲ့ပြီး ADBနှင့် မြန်မာနိုင်ငံတို့ကြား ရှေ့ဆက်ဖော်ဆောင်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးမှုရလာဒ်များနှင့် ADB ၏ မြန်မာပြည်တွင် ထပ်တိုးလုပ်ဆောင်မည့် စီမံကိန်းများအကြောင်းကို မဇ္ဈိမသတင်းဌာန၏ စီးပွားရေးအကြီးတန်းသတင်းထောက် ကိုအောင်သူရက ADB ဒုတိယဥက္ကဌ Mr.Stephen P.Groff ကို တွေ့ဆုံမေးမြန်းထားသည်။

Recommended