ဒီဇိုင်နာ မေမြတ်ဝါဆို (Happy Heart) နှင့် အင်တာဗျူး

  • 7 years ago
Mizzima TV ကို ကြည့်ရှုနေကြတဲ့ ပရိသတ်များ မင်္ဂလာပါခင်ဗျာ။

ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး ဆိုရိုးတစ်ခုရှိပါတယ်။ အဲဒါကတော့ တောင်းမှာအကွပ်၊ လူမှာ အ၀တ် ဆိုတဲ့ စကားပုံလေးပါ။ ဒါ့အပြင် လူတစ်ယောက်ရဲ့ ဘဝမှာ စားဝတ်နေရေးဆိုတဲ့အတိုင်း ဝတ်စားဆင်ယင်မှုဟာ ဒုတိယနေရာက လိုက်ပါတယ်။ လူတစ်ယောက်ရဲ့အဝတ်အစားကို ကြည့်လိုက်တာနဲ့ အဲဒီလူတစ်ယောက်ရဲ့အဆင့်အတန်း၊ သူနေတဲ့နိုင်ငံ စတာတွေကို ခန့်မှန်းနိုင်ပါတယ်။

အခုအချိန်မှာဆိုရင် ကမ္ဘာကြီးက ရွာတစ်ရွာ ဖြစ်နေပြီဆိုတဲ့အတိုင်း ဝတ်စားဆင်ယင်မှုတွေက ရောယှက်လျက်ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာမှ ဝတ်စားဆင်ယင်မှုတွေ ရောယှက်လျက်ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ဝတ်စားဆင်ယင်မှုကို ထိန်းသိမ်းရမယ့်တာဝန်၊ နိုင်ငံတကာမှာ ကိုယ့်နိုင်ငံရဲ့ဝတ်စားဆင်ယင်မှုကို ချပြရမယ့်တာဝန်တွေကို လူတိုင်းလူတိုင်း မလွဲမသွေလုပ်ကြရမှာ ဖြစ်ပါတယ်။ အဲဒီလိုနိုင်ငံတကာမှာ ကိုယ့်နိုင်ငံရဲ့ ဝတ်စားဆင်ယင်မှုတွေ ချပြတဲ့အခါမှာတော့ ဖက်ရှင်ဒီဇိုင်နာတွေရဲ့ အခန်းကဏ္ဍက အရေးပါလှပါတယ်။ ဒီနှစ်ထဲမှာဆိုရင်လည်း ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ဝတ်စားဆင်ယင်မှုကို ချပြနိုင်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာများစွာ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီထဲကမှ အင်ဒိုနီးရှားနိုင်ငံရဲ့ Fashion Week Program ကနေ မြန်မာဒီဇိုင်နာတစ်ယောက်ကို ဖိတ်ခေါ်ခြင်းခံရတာဟာ အရမ်းကို ဂုဏ်ယူဖို့ကောင်းပါတယ်။ အဲဒီလိုဖိတ်ခေါ်ခြင်းခံရသူကတော့ ဒီဇိုင်နာလောကမှာ ဆယ်စုနှစ်တစ်စုကျော်ကြာ ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံတကာပြပွဲ ပြိုင်ပွဲတွေမှာ သွားရောက်ပြသခဲ့တဲ့ ဒီဇိုင်နာ မေမြတ်ဝါဆို ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်က နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံရဲ့ ဝတ်စားဆင်ယင်မှုကို ဂုဏ်ယူစွာပြသခဲ့တဲ့ ဒီဇိုင်နာ မေမြတ်ဝါဆိုနဲ့ တွေ့ဆုံပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ Fashion Week Program မှာ သွားရောက်ပြသဖြစ်ပုံနဲ့ ဒီဇိုင်နာလောက မှ အကြောင်းတွေကို မေးမြန်းသွားမှာဖြစ်ပါတယ်။

Recommended