အိႏိၵယအစိုးရက လူနာတင္ကားႏွစ္စီး ရန္ကုန္ကေလးေဆး႐ုံႀကီးသို႔ လွဴဒါန္း

  • 7 years ago
ZawGyi-
ရန္ကုန္ကေလးေဆး႐ုံႀကီးသို႔ အေမရိကန္ေဒၚလာ တစ္သိန္းခြဲေက်ာ္ တန္ဖိုးရွိ လူနာတင္ကားႏွစ္စီးကို အိႏိၵယအစိုးရမွ မတ္လ ၂၅ ရက္တြင္ လွဴဒါန္းခဲ့သည္။

လွဴဒါန္းခဲ့ေသာ လူနာတင္ယာဥ္မ်ားသည္ Ford အမ်ိဳးအစားျဖစ္ၿပီး တစ္စီးလွ်င္ အေမရိကန္ေဒၚလာ တစ္သိန္းခြဲေက်ာ္ တန္ဖိုးရွိၿပီး ေခတ္မီေဆးဘက္ဆိုင္ရာ စက္ကိရိယာမ်ား အျပည့္အစံုတပ္ဆင္ထားၿပီး ျဖစ္သည္။

“ဒီကားေတြက အစ္မတို႔ေဆးရုံႀကီးမွာ မရွိတဲ့ အထူးကုေတြဆီ Specialist ေတြဆီကို လႊဲေျပာင္း ျပသတဲ႔အခါမွာ အသံုးျပဳမွာ ျဖစ္ပါတယ္” ဟု ရန္ကုန္ကေလးေဆးရုံမွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ စုစုေထြးက ဆိုသည္။

အိႏိၵယအစိုးရအေနျဖင့္ ဓါတ္ေရာင္ခ်ည္ႏွင့္ ေရာဂါရွာေဖြသည့္ စက္မ်ားကို ယခင္ကလွဴဒါန္းခဲ့ၿပီး ယခုလူနာတင္ကား လွဴဒါန္းျခင္းသည္ ၄ ႀကိမ္ေျမာက္ျဖစ္သည္။

ကုတင္(၅၅၀)ဆံ့ ရန္ကုန္ကေလးေဆး႐ံုႀကီးတြင္ လူနာတင္ကား ၄ စီးရွိၿပီး ယခုလွဴဒါန္းလိုက္ေသာ လူနာတင္ကားမ်ားအပါဝင္ ၆ စီး ရွိလာၿပီ ျဖစ္သည္။

က်န္းမာေရးတိုးတက္ေစရန္ အိႏိၵယအစိုးရ၏ စဥ္ဆက္မျပတ္ ကူညီေထာက္ပံ႔မႈ အစီအစဥ္ တစိတ္တစ္ပိုင္းအေနျဖင့္ ရန္ကုန္ကေလးေဆးရုံႀကီးကို လွဴဒါန္းျခင္းျဖစ္သည္။

Unicode-
ရန်ကုန်ကလေးဆေးရုံကြီးသို့ အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကျော် တန်ဖိုးရှိ လူနာတင်ကားနှစ်စီးကို အိန္ဒိယအစိုးရမှ မတ်လ ၂၅ ရက်တွင် လှူဒါန်းခဲ့သည်။

လှူဒါန်းခဲ့သော လူနာတင်ယာဉ်များသည် Ford အမျိုးအစားဖြစ်ပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကျော် တန်ဖိုးရှိပြီး ခေတ်မီဆေးဘက်ဆိုင်ရာ စက်ကိရိယာများ အပြည့်အစုံတပ်ဆင်ထားပြီး ဖြစ်သည်။

“ဒီကားတွေက အစ်မတို့ဆေးရုံကြီးမှာ မရှိတဲ့ အထူးကုတွေဆီ Specialist တွေဆီကို လွှဲပြောင်း ပြသတဲ့အခါမှာ အသုံးပြုမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်ကလေးဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုထွေးက ဆိုသည်။

အိန္ဒိယအစိုးရအနေဖြင့် ဓါတ်ရောင်ချည်နှင့် ရောဂါရှာဖွေသည့် စက်များကို ယခင်ကလှူဒါန်းခဲ့ပြီး ယခုလူနာတင်ကား လှူဒါန်းခြင်းသည် ၄ ကြိမ်မြောက်ဖြစ်သည်။

ကုတင်(၅၅၀)ဆံ့ ရန်ကုန်ကလေးဆေးရုံကြီးတွင် လူနာတင်ကား ၄ စီးရှိပြီး ယခုလှူဒါန်းလိုက်သော လူနာတင်ကားများအပါဝင် ၆ စီး ရှိလာပြီ ဖြစ်သည်။

ကျန်းမာရေးတိုးတက်စေရန် အိန္ဒိယအစိုးရ၏ စဉ်ဆက်မပြတ် ကူညီထောက်ပံ့မှု အစီအစဉ် တစိတ်တစ်ပိုင်းအနေဖြင့် ရန်ကုန်ကလေးဆေးရုံကြီးကို လှူဒါန်းခြင်းဖြစ်သည်။

Recommended