စုပေါင်းအလှူငွေ ကျပ်သိန်း ၁၀၀ ကျော်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်း

  • 5 years ago
မွေးနေ့ဆုတောင်းပွဲမှ ရရှိသော စုပေါင်းအလှူငွေ ကျပ်သိန်း ၁၀၀ ကျော်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်း
******************************
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၄) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်သူများ စုဝေးပြီး အင်အား ၁၀၀၀ နီးပါးနဲ့ ဇွန်လ ၁၉ ရက်နေ့၊ မနက် ၇ နာရီ မိနစ် ၄၀ အတိမှာ တခြားနဲ့မတူ တမူထူးခြားတဲ့ပုံစံနဲ့ မွေးနေ့ဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။

ဒီမွေးနေ့ဆုတောင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်သူတွေက စုပေါင်းအလှူငွေ ထည့်ဝင်ခဲ့ကြပြီး စုစုပေါင်း ကျပ်သိန်း ၁၀၀ ကျော်ရရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ အလှူငွေအားလုံးကိုတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended