"ငါးသလောက် ဖမ်းဆီးရရှိမှု ၇ ဆခန့် မြင့်တက်" ပြည်ပကို ပိုမိုတင်ပို့နိုင်မည်

  • 7 years ago
မြန်မာနိုင်ငံမှာ ပြည်ပတင်ပို့မှု ဆက်တိုက်ကျဆင်းနေတဲ့ ငါးသလောက်ငါးက ပြီးခဲတဲ့ ဘဏ္ဍာနှစ် ၂၁၀၅-၂၀၁၆ ခုနှစ်မှာတော့ ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှု ၁၀ မျိုးထဲမှာ နံပါတ် (၆) အဆင့်ရှိခဲ့တာပါ။
ဒီနှစ် ၂၀၁၆- ၂၀၁၇ ခုနှစ်မှာတော့ ငါးသလောက်ဖမ်းစီးရရှိမှုက မနှစ်က ရရှိမှုထက် (၆) ဆ လောက်မြင့်တက်လာတာကြောင် ပြည်ပ တင်ပို့မှုလည်း တိုးတက်လာတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး က ပြောပါတယ်။
ငါးသလောက်က ၂၀၀၀ ပြည့်နှစ်မတိုင်ခင်အထိ ပြည်ပတင်ပို့မှုမှာ အများဆုံးဖြစ်ပြီး။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းကစလို့ တဖြေးဖြေး ဆက်တိုက်ကျဆင်းလာတာ ဖြစ်ပါတယ်။
ဒီနှစ်ကတော့ ဖမ်းစီးရရှိမှုတိုးလာတာကြောင့် ပြည်ပတင်ပို့မှုကလည်း အိမ်းနီးချင်းနိုင်ငံ များနည်းတူ တင်ပို့နိုင်မယ်လို့ မျှော်လင့်ကြောင်းကိုလဲ အခုလို ပြောပြခဲ့ပါတယ်။

Recommended