စီးပွားရေးတန်ဘိုးတိုးတက်မှုတွေဖြစ်ဖို့ ဆန်စပါးလုပ်ငန်း အခြေခံအဆောက်အဦးကဏ္ဍတိုးမြှင့်သင့်

  • 7 years ago
"မြန်မာ့ဆန်ပြည်ပတင်ပို့မှုကို ကြည့်မယ်ဆိုရင် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ကနေ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အထိ ၅ နှစ်ဆက်တိုက် နှစ်စဉ် တန်ချိန် ၁ သန်းကျော်ဆီ တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ တိုးတက်လာနေတဲ့ ရလာဒ်တစ်ချို့နဲ့အတူ အဲဒိ အချိန် ၅ နှစ်ထဲမှာ ပြည်ပကို မြန်မာ့ဆန် ၇ သန်းခွဲ တင်ပို့ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ် မှာလည်း ပြည်ပကို ဆန်တန်ချိန် ၂ သန်း တင်ပို့နိုင်ဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မျှော်မှန်းထားပြီး အဲဒိမျှော်မှန်းချက် ပြည့်မှီဖို့လည်း ဖြစ်နိုင်ချေများတယ်လို့ အသင်းချုပ်ဘက်က ပြောပါတယ်။ တစ်ဘက်မှာကလည်း စီးပွားရေးတန်ဘိုးတိုးတက်မှုတွေဖြစ်ဖို့ ဆန်စပါးကဏ္ဍအတွင်း အခြေခံအဆောက်အဦးလိုအပ်ချက်တွေကို ရင်းနှီးမြှုပ်နှံသွားဖို့ လိုတယ်လို့လည်း မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။ ကိုအောင်သူရ ပြောပြထားတဲ့ သတင်းမှာ ရှုစားရမှာဖြစ်ပါတယ်"

Recommended