The Voice သတင္းစာအမႈ အာမခံ ပယ္ခ်ခံရ

  • 7 years ago
ZawGyi -

ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ) ျဖင့္ တပ္မေတာ္ကေန တရားစြဲဆိုျခင္းခံထားရသည့္ The Voice ေန႔စဥ္ထုတ္ သတင္းစာအယ္ဒီတာခ်ဳပ္ ဦးေက်ာ္မင္းေဆြႏွင့္ သေရာ္စာေဆာင္းပါးရွင္ ၿဗိတိသွ်ကိုကိုေမာင္ တို႔၏ အာမခံ ေလွ်ာက္ထားမႈကို ယေန႔မနက္ ၁၀ နာရီ၀န္းက်င္ခန္႔က ဗဟန္းၿမိဳ႕နယ္တရားရံုးတြင္ ျပဳလုပ္သည့္ ရံုးခ်ိန္း၌ ပယ္ခ်လိုက္သည္။

အာမခံေလွ်ာက္ထားသည့္ ေဆးစာမျပည့္စံုသည့္ျခင္းေၾကာင့္ အာမခံ ပယ္ခ်ခဲ့ျခင္းျဖစ္ၿပီး ေနာက္တစ္ႀကိမ္ ရံုးခ်ိန္းအား ဇြန္လ ၁၆ ရက္ေန႔သို႔ ျပန္လည္ ခ်ိန္းဆိုခဲ့သည္ဟု The Voice သတင္းစာ၏ ဥပေဒအႀကံေပး ဦးခင္ေမာင္ျမင့္က တရားရံုးမွ အထြက္တြင္ မဇိၥ်မ၏ ေမးျမန္းမႈကို ျပန္လည္ေျဖဆိုခဲ့သည္။

ယေန႔ ဇြန္လ ၈ ရက္တြင္ ရံုးထုတ္စစ္ေဆးခဲ့သည့္ The Voice ေန႔စဥ္ထုတ္သတင္းစာအယ္ဒီတာခ်ဳပ္ ဦးေက်ာ္မင္းေဆြႏွင့္ သေရာ္စာေဆာင္းပါးရွင္ ၿဗိတိသွ် ကိုကိုေမာင္တို႔အား သတင္းမီဒီယာ ဦးေရ (၁၀၀) ၀န္းက်င္ခန္႔က "သတင္းလြတ္လပ္ခြင့္ ရိွရမည္"ဆိုသည့္ စာတန္းမ်ား ၀တ္ဆင္ကာ ၀န္းရံခဲ့ၾကသည္။

မတ္လ ၂၆ ရက္ေန႔ထုတ္ The Voice ေန႔စဥ္သတင္းစာတြင္ ေဖာ္ျပပါရွိသည့္ က်ည္ေထာင္စုသစၥာ အမည္ရ သေရာ္ေဆာင္းပါးသည္ တပ္မေတာ္အေပၚ ဂုဏ္သိကၡာ ညိွဳးႏြမ္းေစသည္ ဆိုသည့္ စြပ္စြဲခ်က္ျဖင့္ The Voice ေန႔စဥ္ထုတ္သတင္းစာ အယ္ဒီတာခ်ဳပ္ ဦးေက်ာ္မင္းေဆြႏွင့္ သေရာ္စာေဆာင္းပါးရွင္ ျဗိတိသွ် ကိုကိုေမာင္တို႔အား တပ္မေတာ္မွ တရားစြဲဆိုထားျခင္း ျဖစ္သည္။

Unicode -

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော်ကနေ တရားစွဲဆိုခြင်းခံထားရသည့် The Voice နေ့စဉ်ထုတ် သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် တို့၏ အာမခံ လျှောက်ထားမှုကို ယနေ့မနက် ၁၀ နာရီဝန်းကျင်ခန့်က ဗဟန်းမြို့နယ်တရားရုံးတွင် ပြုလုပ်သည့် ရုံးချိန်း၌ ပယ်ချလိုက်သည်။

အာမခံလျှောက်ထားသည့် ဆေးစာမပြည့်စုံသည့်ခြင်းကြောင့် အာမခံ ပယ်ချခဲ့ခြင်းဖြစ်ပြီး နောက်တစ်ကြိမ် ရုံးချိန်းအား ဇွန်လ ၁၆ ရက်နေ့သို့ ပြန်လည် ချိန်းဆိုခဲ့သည်ဟု The Voice သတင်းစာ၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က တရားရုံးမှ အထွက်တွင် မဇ္စျိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

ယနေ့ ဇွန်လ ၈ ရက်တွင် ရုံးထုတ်စစ်ဆေးခဲ့သည့် The Voice နေ့စဉ်ထုတ်သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်တို့အား သတင်းမီဒီယာ ဦးရေ (၁၀၀) ၀န်းကျင်ခန့်က "သတင်းလွတ်လပ်ခွင့် ရှိရမည်"ဆိုသည့် စာတန်းများ ၀တ်ဆင်ကာ ၀န်းရံခဲ့ကြသည်။

မတ်လ ၂၆ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာတွင် ဖော်ပြပါရှိသည့် ကျည်ထောင်စုသစ္စာ အမည်ရ သရော်ဆောင်းပါးသည် တပ်မတော်အပေါ် ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည် ဆိုသည့် စွပ်စွဲချက်ဖြင့် The Voice နေ့စဉ်ထုတ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်တို့အား တပ်မတော်မှ တရားစွဲဆိုထားခြင်း ဖြစ်သည်။

Recommended