နန်းဝေေ၀ထွန်း ပြောတဲ့ ယူရို ဘောလုံး သတင်း အတိုအထွာများ

  • 8 years ago
ပထမဆုံးအနေနဲ့ ယူရိုပြိုင်ပွဲနဲ့ ပက်သက်တဲ့ သတင်းအကျဉ်းတွေကို တင်ဆက်ပေးသွားမှာပါ။
ဝေးလ် ပရိတ်သတ်တွေရဲ့ အောင်ပွဲခံပုံ မြင်ကွင်းတွေကို ရှုစားရမှာပါ။ ကွာတားဖိုင်နယ်မှာ ဘယ်ဂျီယံကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရတဲ့ပွဲကို ပွဲကျင်းပတဲ့ ပြင်သစ်နိုင်ငံ လိုင်လီမြို့မှာ ဝေးလ် ပရိတ်သတ်တွေ တီဗွီဖန်သားပြင်ကနေ ကြည့်ရင်း အောင်ပွဲခံခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် ဝေးလ်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဝေးလ် ပရိတ်သတ်တွေကတော့ အခုနိုင်ပွဲအပေါ် မယုံကြည်နိုင် လောက်အောင် ဖြစ်နေပြီး ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်လိမ့်မယ်လို့ ပြောဆိုပါတယ်။ ပေါ်တူဂီ ကစားမယ့် ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ဝေးလ် ကွင်းလယ်သမား ရမ်းဆေး အ၀ါကဒ် ထိသွားလို့ ပါဝင်နိုင်မှာ မဟုတ်တော့ပါဘူး။ ဝေးလ်ဟာ ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်ကို တက်ရောက်ဖူး ပါတယ်။

နောက်သတင်းမှာတော့ အသင်းတိုင်းကို ယှဉ်နိုင်တဲ့ ခြေစွမ်းရှိနေပြီလို့ ဝေးလ်နည်းပြ ကိုးလ်မန်းက ပြောဆိုလိုက်ပါတယ်။ ဝေးလ်အသင်းဟာ နာမည်ကြီး ဘယ်လ်ဂျီယံကို ကျော်ဖြတ်ကာ အကြိုဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲဟာ ပြင်းပြင်းထန်ထန်ကြိုးစားမှုနဲု့ ယုံကြည်မှုရှိတာတွေရဲ့ အကျိုး ရလဒ်ဖြစ်တယ်လို့ ဝေးလ်နည်းပြ ကိုးမန်းက ဆိုပါတယ်။ ဒါ့အပြင်ဝေးလ်နိုင်ငံမှာ ရှိနေတဲ့ ပရိသတ်သုံးသန်းရဲ့ ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်ခဲ့တာဖြစ်ပြီး ဘယ်လိုအသင်းမျိုးကိုမဆို ယှဉ်နိုင်တဲ့ခြေစွမ်းရှိနေပြီလို့လည်း ဝေးနည်းပြက ပြောပါတယ်။ ဘယ်လ်ဂျီယံနည်းပြ၀ီလ်မော့ကတော့ ဝေးလ်ကို ရှုံးနိမ့်ခဲ့တာဟာ ကစားသမားတွေ အမှားလုပ်ခဲ့တာနဲ့ နောက်ခံလူတွေဒဏ်ရာပြသနာတွေရှိတာ ကြောင့်ဖြစ်ပြီးငယ်ရွယ်တဲ့ ကစားသမားတွေ အတွက်တော့ အတွေ့အကြုံ သင်ခန်းစာတွေရရှိလိမ့်မယ်လို့ ပွဲအပြီးမှာ ပြောကြားသွားပါတယ်။


ဘယ်လ်ဂျီယံကိုအနိုင်ယူပြီး အကြိုဗိုလ်လုပွဲတက်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ဟာ ဝေးလ်ဘောလုံးသမိုင်းတစ် လျှောက်အကြီးမားဆုံးအောင်ပွဲဖြစ်တယ်လို့ ဝေးလ်လက်ရွေးစင်ဟောင်း ရွိုင်ယန်ဂစ်စ်က ပြောဆိုလိုက်ပါတယ်။
မန်ယူလက်ထောက်နည်းပြ ရွိုင်ယန်ဂစ်ဟာ ယူရိုပြိုင်ပွဲအစီအစဉ်တစ်ခုဖြစ်တဲ့ ITV ရုပ်သံမှာ တင်ဆက်သူတစ်ဦး အဖြစ်လုပ်ဆောင်နေပြီး ဝေးလ်ရဲ့သမိုင်းဝင်အောင်ပွဲအတွက်ဂုဏ်ယူမိတယ်လို့လည်းဆိုပါတယ်။ကမ္ဘာ့အဆင့် ၂ဘယ်လ်ဂျီယံကိုအနိုင်ယူခဲ့တဲ့ပွဲဟာ ဝေးလ်ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးရလဒ်နဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ပြသနိုင်ခဲ့တဲ့ပွဲဖြစ်တယ်လို့လည်း လက်ရွေးစင်ကစားသမားဟောင်းရွိုင်ယန်ဂ စ်ညွှန်းဆိုပါတယ်။ ရွိင်ယန်ဂစ်စ်ဟာ ဝေးလ်အသင်းအတွက်၆၄ပွဲကစားပြီး၁၂ဂိုးသွင်းယူခဲ့တဲ့ကစားသမားဟောင်းတစ်ဦးဖြစ်ပါတယ်

နောက်သတင်း တပုဒ်မှာတော့ ဂျာမနီနည်းပြ ဂျိုအာချင်လိုးက အီတလီအသင်းရဲ့ အထင်ကြီးစရာ ခြေစွမ်းတွေကို အံအားသင့်နေမှာ မဟုတ်ပဲ အနိုင်ရဖို့ ပဲဆန္ဒရှိနေတယ်လို့ ပြောဆိုလိုက်တဲ့ သတင်းကို တင်ဆက်ပေးဦးမှာပါ။ အီတလီအသင်းမှာ ခြေစွမ်းကောင်းတဲ့ ကစားသမားတွေများစွာရှိနေတယ်ဆိုတာ လက်ခံပြီးတော့ ဂျူဗင်တပ်စ် ကစားသမားအများစုနဲ့ စုဖွဲ့ထားတာဖြစ်လို့ အထိုင်ကျပြီးဖြစ်နေတဲ့ အသင်းလို့ လည်း ဆိုပါတယ်။။အီတလီနည်းပြကွန်တီကတော့ စပိန်ကို အနိုင်ရပြီး အကောင်းဆုံးပုံစံရနေတဲ့အချိန်မှာ ဂျာမနီနဲ့တွေ့ဆုံနေတာဖြစ်လို့ ကစားသမားတွေအနေနဲ့ နောက်ထပ်တစ်ကြိမ် ထူးခြားဆန်းပြားတဲ့ ကစားပုံနဲ့ ကစားဖို့လိုအပ်တယ်လို့ ပြောပါတယ်။ အီတလီကစားသမားတချို့ဟာ အ၀ါကတ်တွေ ထိထားတာကြောင့် ဂျာမနီနဲ့ပွဲမှာ ပွဲပယ်ပြစ်ဒဏ်တွေ ကျခံရမှာဖြစ်လို့ ပါဝင်နိုင်မှာမဟုတ်ပါဘူးရှင်။

အခုဆက်ပြီး ဂျာမနီအသင်းက စပိန်ထက် ပိုကောင်းတဲ့အသင်းဖြစ်တယ်လို့ အီတလီနည်းပြကွန်တီက ချီးကျူး ပြောဆိုလိုက်တဲ့ သတင်းကိုလည်း တင်ဆက်ပေးဦးမှာပါ။ အီတလီအသင်းဟာ ၁၆သင်း အဆင့် ရှုံးထွက်ပွဲစဉ်မှာ စပိန်အသင်းကို နှစ်ဂိုးပြတ်အနိုင်ယူခဲ့ပြီး ဂျာမနီက စပိန်ထက် ပိုပြီးကောင်းတဲ့ ပြီးပြည့်စုံတဲ့အသင်းဖြစ်တယ်လို့ အီတလီနည်းပြကွန်တီကဆိုလိုက်တာပါ။ ဂျာမနီအသင်းရဲ့ကစားပုံကိုလည်လေ့လာထားပြီး စပိန်ရဲ့ကစားပုံနဲ့ ကွာခြားတယ်လို့လည်း ကွန်တီက ပြောပါတယ်။ အီတလီနောက်ခံလူတွေဖြစ်တဲ့ ချီလီနီနဲ့ ဘိုနူချီတို့ အပါအ၀င်ကစားသမား၁၁ဦး အ၀ါကဒ်တစ်ကြိမ်စီ ပြသခံထားရလို့ ဂျာမနီနဲ့ပွဲမှာ အ၀ါကဒ်ထပ်မံပြသ ခံရမယ်ဆိုရင် အကြိုဗိုလ်လုပွဲတက်တဲ့အခါမှာ ပွဲပယ်ခံရဖို့ ရှိနေပါတယ်။

Recommended