နန်းဝေေ၀ထွန်း ပြောတဲ့ ယူရို ဘောလုံး သတင်း အတိုအထွာများ

  • 8 years ago
ပထမဆုံးအနေနဲ့ ယူရိုပြိုင်ပွဲနဲ့ ပက်သက်တဲ့ သတင်းအကျဉ်းတွေကို တင်ဆက်ပေးသွားမှာပါ။
ပေါ်တူဂီ ပရိတ်သတ်တွေရဲ့ အောင်ပွဲခံပုံ မြင်ကွင်းတွေကိုလည်း ရှုစားရဦးမှာပါ။ ပေါ်တူဂီအသင်းဟာ ရှုံးထွက် ပွဲစဉ်မှာ ခရိုအေးရှားကို အချိန်ပိုမိနစ်မှာ ကွာရက်စ်မာ သွင်းတဲ့ အနိုင်ဂိုးတဂိုးတည်းနဲ့ ကွာတား ဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဒီပွဲမှာ ခရိုအေရှားက ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်ပေမယ့် နှစ်သင်းစလုံး ထိထိရောက်ရောက် ထိုးဖောက် ကန်သွင်းခွင့်တော့ မရပါဘူး။ အချိန်ပိုမိနစ်မှာ ရော်နယ်ဒိုနဲ့ ခရိုအေးရှားဖက်က ပါရစ်ဆစ်တို့ ကန်သွင်းခွင့် ၇ပေမယ့် အသုံးမချ နိုင်ခဲ့ပါဘူး။ ပေါ်တူဂီ ပရိတ်သတ်တွေကတော့ ဒီပွဲမှာ ပေါ်တူဂီ ကစားတာ သိပ်မကောင်းပါဘူး။ ကံတရားရဲ့ ဖေးမမှုနဲ့ အနိုင်ရတာပါ။ ဘောလုံးမှာက ဒီလိုပါပဲ လို့ ပြောပါတယ်။ ခရိုအေးရှား ပရိတ်သတ်တဦးကတော့ ပေါ်တူဂီအသင်းဟာ အနိုင်ရလဒ်နဲ့ မထိုက်တန်ဘူးလို့ ပြောပါတယ်။ ပေါ်တူဂီအသင်းဟာ ကွာတားဖိုင်နယ်မှာ ပိုလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

နောက်သတင်းတပုဒ်မှာတော့ အကောင်းဆုံးအသင်းရှုံးသွားခဲ့တာပါလို့ ခရိုအေးရှားနည်းပြ အန်တီကာဆစ်က ပြောဆိုလိုက်ပါတယ်။ သူတို့အသင်းဟာ ၁၁၇ မိနစ်ထိ အကောင်းဆုံး ကစားခဲ့ကြပေမယ့် ပွဲအပြီးရလဒ်က ခရိုအေးရှားတို့အတွက် စိတ်ပျက်ဖွယ်ည ဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။အခု ရှူ့းထွက်အဆင့်ပွဲစဉ်မှာခရိုအေးရှားက ပေါ်တူဂီကို အကောင်းဆုံးဖိအားပေးကစားသွားနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ ကွာရက်စ်မာရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကြောင့် ပေါ်တူဂီကပဲ နောက်တစ်ဆင့်ကို တက်သွားခဲ့ပါတယ်ရှင်။


၃။ ဝေးလ် ပရိတ်သတ်တွေရဲ့ အောင်ပွဲခံပုံတွေကို ဆက်လက် တင်ဆက်ပေးဦးမှာပါ။ ဝေးလ်အသင်းဟာ မြောက်အိုင်ယာလန်ကို ရှုံးထွက်အဆင့်မှာ ၁ ဂိုးတည်းနဲ့ ကပ်နိုင်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက် သွားတာပါ။ ဝေးလ်အသင်းဟာ တဖက် ကစားသမား ဂါရတ် မက်ကာလီရဲ့ ကိုယ့်ဂိုးကိုယ် သွင်းဂိုးနဲ့ အနိုင် ရသွားပါတယ်။ ဝေးလ်အသင်းဟာ ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်ကို တက်နိုင်လို့ ပဲရစ်အထိ လိုက်ပါ အားပေးတဲ့ ဝေးလ် ပရိတ်သတ်တွေ အောင်ပွဲခံခဲ့ပါတယ်။ ပရိတ်သတ်တွေကတော့ ဒီပွဲမှာ အကောင်းဆုံး မကစားနိုင်ခဲ့ပါဘူး။ ဘေးလ် ရှိနေတာက အသင်းအတွက် အဓိက ကျပါတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဝေးလ် ပရိတ်သတ်တွေက အိမ်မပြန်ခြင်သေးဘဲ ပဲရစ်မှာပဲ ဆက်နေပြီး အောင်ပွဲတွေကို မြင်ခြင်သေးတယ်လို့ ပြောပါတယ်။ ဝေးလ်ဟာ ကွာတားဖိုင်နယ်မှာတော့ ဘယ်ဂျီယံ ဒါမှမဟုတ် ဟန်ဂေရီ ၂ သင်းထဲက နိုင်တဲ့ အသင်းနဲ့ ဆုံရမှာ ဖြစ်ပါတယ်။


ပြင်သစ်နဲ့ ရှုံးထွက်ပွဲစဉ်မှာ အစွမ်းကုန် ပေးဆပ် ကစားသွားမယ်လို့ အိုင်ယာလန် နည်းပြက ပြောပါတယ်။ အိမ်ရှင် ပြင်သစ်အသင်းဟာ နောက်တဆင့်ကို တက်ဖို့ ရေပန်းစားနေတာပါ။ အိုင်ယာလန် နည်းပြ အိုနေးလ်ကတော့ ခံစစ် ဦးစားပေးနဲ့ ရင်ဆိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။ ၂၀၀၉ ကမာ့ဖလား ခြေစစ်ပွဲတုန်းက ပြင်သစ်က တိုက်စစ်မှူး ဟွန်နရီရဲ့ လက်ထိဘောနဲ့ အနိုင်ယူထားပါတယ်။ အိုင်ယာလန် နည်းပြကတော့ ဒါတွေက အတိတ်မှာ ကျန်ခဲ့ပြီလို့ ပြောပါတယ်။ ပြင်သစ်နဲ့ ပွဲစဉ်မှာ ကစားမယ့် ဘောလုံးကွင်းဟာ ပရိတ်သတ် ၆ သောင်းလောက် ဆန့်ပေမယ့် အိုင်ယာလန် ပရိတ်သတ်တွေအတွက် လက်မှတ် ၅ ထောင်ထက် နည်းပြီး ရောင်းချပေးတဲ့အပေါ်မှာ ဝေဖန် ပြောဆိုထားပါတယ်ရှင်။

အခုဆက်ပြီး ဂျာမဏီအသင်းအပေါ်မှာ မထင်မှတ်တဲ့ ရလဒ်တွေ လုပ်ပြဖို့ အဆင်သင့် ဖြစ်နေပြီလို့ စလိုဗက်ကီးယား နည်းပြက ပြောတဲ့ သတင်းကို တင်ဆက်ပေးဦးမှာပါ။ စလိုက်ဗက်ကီးယား အသင်းဟာ စိတ်ဓါတ် အမြင့်ဆုံးမှာ ရောက်နေပြီး ကမ္ဘာ့ချန်ပီယံ အသင်းကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အသင်းကြီးတသင်းနဲ့ ဆုံရတဲ့တဲ့အချိန်မှာ ရလဒ်ကောင်းတွေ ထွက်လာဖို့ ကစားသမားတွေက စွမ်းဆောင်နိုင်လိမ့်မယ်လို့ စလိုက်ဗက်ကီးယား နည်းပြ ဂျန် ကိုဇက်က ပြောပါတယ်။ ဒါ့အပြင် စလိုဗက်အသင်းမှာ ဒဏ်ရာရတဲ့ ကစားသမား မရှိဘူးလို့လည်း ဆိုထားပါတယ်။


ဆက်လက်ပြီး အိုက်စလန်အသင်းရဲ့ နာမည်ကျော် ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဂူဂျွန်ဆင်ဟာ သူတို့အသင်းအနေနဲ့ အင်္ဂလန်အသင်းကိုရင်ဆိုင်ဖို့အဆင်သင့်ဖြစ်နေပြီလို့ ပြောတဲ့သတင်းကို တင်ဆက်ပေးဦးမှာပါ ။အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးက သူတို့အသင်းအနေနဲ့ ပြိုင်ဘက်အင်္ဂလန်အကြောင်းကိုသိထားပြီးတော့ အိုက်စလန်ဟာ မျိုးဆက်သစ်တစ်ခု ပိုင်ဆိုင်ထားတယ်လို့လည်းဆိုပါတယ်။အိုက်စလန်ဟာ အုပ်စု F ကနေ ရမှတ် ၅ မှတ်နဲ့ ရှုံးထွက်အဆင့်ကိုတက်လာတာဖြစ်ပြီးတော့ အခုအဆင့်မှာတော့ အင်္ဂလန်နဲ့ထိပ်တိုက်တွေ့ဆုံနေပါတယ်။

Recommended