Homemade beef ball

  • 3 years ago
ဒီနေ့မှာတာ့ ဟင်းချက်ဝါသနာရှင်ဆုမြတ်သူငယ်ချင်တွေအတွက် အမဲသားလုံးလေးကိုချက်ပြပါမယ်။ ဂျုံတွေ၊ ကော်မှုန့်တွေထပ်ထည့်ထားတာမဟုတ်လို့ စားတာကချောမှာမဟုတ်ပါဘူး။ တကယ်လို့ဆိုင်တွေမှာ ရောင်းသလိုအမဲသားလုံးစားချင်ရင်တော့ ကော်မှုန့်၊ ဂျုံမှုန့်ထပ်ထည့်ပါ။ အသားလုံးလေးတွေ မွှေးနေစေချင်ရင်တော့ နှမ်းဆီထည့်ပြီးလုံးပါ။ ဆုမြတ်လုပ်ပြမယ့်နည်းကတော့ ငယ်ငယ်တည်းကအိမ်ကချက်ကျွေးတဲ့နည်းပါ။ အသားချည်းလုံးထားတာမို့ စားရတာနည်းနည်းမာပါတယ်။ အလုံးလေးတွေကလည်း ချောမနေပါဘူး။ ဒီနည်းလေးကိုကြိုက်တတ်ရင်တော့ လိုက်ချက်ကြည့်ပါနော်…

Recommended