(ငါ့နှလုံးသား) အပိုင်း-၁ မြန်မာစာတန်းထိုး With Myanmar Subtitles

  • 4 years ago
(ငါ့နှလုံးသား) အပိုင်း-၁ မြန်မာစာတန်းထိုး

ဇာတ်လမ်းအကျဉ်းချုပ်မှာ ဖြည့်စွက်ထားတာလေး တွေ ရှိတယ်

လက်ရှိ ပါကစ်တန် နဲ့ အိန္ဒိယ နိုင်ငံမှာ လူကြိုက်များနေတဲ့ စီးရီးလေးပါ.....
အချစ်နဲ့ လက်စားချေခြင်းတို့ ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး လက်ရှိ tv channel တွေ မှာ အပိုင်း ၂၅ ထိ ပြသနေပြီး အပိုင်း ၃၀ ကျော်မှ ပြီးဆုံးမှာ ဖြစ်ပါတယ်

အဓိက ပါဝင်သရုပ်ဆောင်တာကတော့.....

() -မင်းသား

အတိုကောက် Amaan လို့ ခေါ်ကြတယ်...သူက မိဘမဲ့ကလေးတယောက်ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေးကို အောင်အောင်မြင်မြင် လုပ်ကိုင်နေသူပါ....သူက သူ့ ဦးလေးဆီက ရထားတဲ့ အမွေတွေနဲ့ လုပ်ငန်း တည်ထောင်ခဲ့တာဖြစ်ပါတယ်...ရေနံကွန်ပနီ ပိုင်ရှင်ဖြစ်ပါတယ် မင်းသား Amaan ကတော့ သူ့ရဲ့ မိဘနဲ့ သူ့ ညီမငယ်လေး ကို ငယ်စဉ်က အန်နာ ရဲ့ အဖေ က သတ်ခဲ့တာလို့ ယုံကြည်နေသူပါ...Amaan က Anna ကို တကယ်ချစ်လို့ ချဉ်းကပ်နေတာလား...သူ့မိဘနဲ့ ညီမငယ်အတွက် လက်စားချေချင်တာလား...စောင့်မျှော် ကြရအောင်

() -မင်းသမီး

သူ့ကို Anna သို့မဟုတ် နူရ်လန် လို့ ခေါ်ကြတယ်...သူက တစ်ဦးတည်းသော သမီးဖြစ်ပြီး အဖေက သူ့ကို အသက်ထက်ပိုချစ်ပါတယ်...အမေကိုတော့ သူ၅နှစ်အရွယ်မှာ ဆုံးရှုံးခဲ့ရတယ်...Annaက တခါတလေ အိပ်မက်ဆိုးတွေ မက်တာကြောင့် စိတ်အထူးကုဆရာဝန်နဲ့ တိုင်ပင်ပြသရတယ်....

(3) Meer Farooq Zaman-မင်းသမီးရဲ့ အဖေ

Farooq ကတော့ သူ့သမီးလေး Anna ကို အချစ်ဆုံးပါပဲ....သမီးကိုလဲ သေချာ ပြုစုပျိုးထောင်ထားတယ်....ရေနံကွန်ပနီ ပိုင်ရှင် သူဌေးတယောက်ပါပဲ....

(4) Nargis Bua- ကလေးထိန်းဆရာမ

ငယ်စဉ်ကပင် Anna ကို ပြုစုပျိုးထောင်လာတာ ဖြစ်ပါတယ်

(5) Ali Baksh- ကိုယ်ရံတော်

Anna ရဲ့ ကိုယ်ရံတော်ဖြစ်ပြီး သူ့အဖေရဲ့ ယုံကြည်မှူကို ယူထားတယ်...

(6) Gori

မင်းသမီးAnna ရဲ့ အဖေနဲ့ မင်းသား Amaan တို့ရဲ့ သူငယ်ချင်း ဖြစ်ပါတယ်

(7) Dr.Asalan- စိတ်ရောဂါအထူးကုဆရာဝန်

Anna ကို ပြသတဲ့ ဆရာဝန်ပါ

(8) Sahira- မယားငယ်

Annaရဲ့ အဖေ လက်ထပ်ထားတဲ့မန်းမငယ်ပါ....ဒါပေမယ်သူတို့ လက်ထပ်ယူထားတာ ဘယ်သူ့မှ မသိပါဘူး..ကိုယ်ရံတော် Ali Baksh ကလွဲလို့ပေါ့...Anna တောင် မသိဘူး....

(9) Farhana

Anna ရဲ့ အဒေါ်အရင်းပါ

Recommended