ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲ နဲ့ အရောင်းပွဲတော်ကျင်းပမည်

  • 4 years ago
ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲ နဲ့ အရောင်းပွဲတော်ကျင်းပမည်
********************************
အဋ္ဌမအကြိမ်မြာက် ပန်းပုအကယ်ဒမီဆုပေးပွဲနှင့်ပန်းပုရုပ်ပေါင်းနှစ်သောင်းကျော်ပါဝင်ပြသမည့် ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့် အရောင်းပွဲတော်ကြီးကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း KMA Foundation မှသိရသည်။

ပန်းပုပညာရှင်များ၏ လက်ရာများ ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ပန်းပုပြိုင်ပွဲများကို ၂၀၀၉ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့ပြီး ယခုနှစ်တွင် ကမ္ဘာ့အကြီးဆုံးသစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့် အရောင်းပွဲတော်ကို နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ရန်ကုန်မြို့၊ ပဲခူး ၁၀ မိုင်ကုန်းရှိ Shwe Pyi Resort တွင် ဝင်ကြေး အခမဲ့ဖြင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

ရိုက်ကူးတည်းဖြတ် - ဟိန်းသက်ဦး
(zawgyi)
********************************



Recommended