Myanmar Knitting အထည်ချုပ်စက်ရုံရှေ့ဆန္ဒဖော်ထုတ်သူများကို ငြိမ်း၊စု၊စီ ဥပဒေဖြင့် အမှုဖွင့်

  • 5 years ago
Myanmar Knitting အထည်ချုပ်စက်ရုံရှေ့ဆန္ဒဖော်ထုတ်သူများကို ငြိမ်း၊စု၊စီ ဥပဒေဖြင့် အမှုဖွင့်
*****************************
ပုသိမ်မြို့ Myanmar Knitting အထည်ချုပ်စက်ရုံရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သော အလုပ်သမား အချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့မှ ဒေါ်ခခနှင့် အလုပ်သမားခေါင်းဆောင် ၇ ဦးတို့ကို ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အေးကျော်က ငြိမ်ချမ်းစွာ စုဝေခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ ၁၉ အရ ပုသိမ် မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

စက်တင်ဘာလ ၂ရက်နေ့တွင် Myanmar Knitting အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် စက်ရုံဘက်မှ အချိန်ပို အလွန်အကျွံများ ခေါ်ယူထားပြီးနောက် အချိန်ပိုနာရီများအား အတတ်ပညာရှင်ကြေးဆိုသည့် ခေါင်းစဉ် ဖြင့်သွယ်ဝိုက်ကာ အချိန်ပိုလုပ်အားခများ ရှင်းမပေးခြင်း ၊ OT ကြေး အတိအကျပေးရန် ၊ အိမ်သာတံခါးများ ၊အိမ်သာရေပိုက်များ ပျက်စီးနေမှုကို အမြန်ဆုံးပြင်ဆင်ပေးရန် ၊ အမျိုးသမီး အလုပ်သမား များကို လေးလံသည့် အထည်ပုံးများ တွန်းလှည်းများဖြင့် သယ်ဆောင်ခိုင်းခြင်းများ မပြုလုပ်ရန် စသည့် တောင်းဆိုချက် ၄၅ ချက်ကို စက်ရုံရှေ့တွင် တောင်းဆို ခဲ့ခြင်းဖြစ်သည်။

ရိုက်ကူး - စည်သူမောင်မောင်

Recommended